Part - 15 (Unicode)

5K 251 18
                                        


[Unicode]
အဖြစ်အပျက်များဖြစ်ခဲ့ပြီးနောက်ပိုင်း  အထွန်းတို့
နှစ်ယောက်ကြားမှာ ဆက်ဆံရေးဟာ ခဏတာလေးအတွင်း သိသိသာသာငြိမ်သက်သွားသည်။ကိုယ့်စိတ်
ကို ကိုယ်ပြန်လည်တည်ငြိမ်အောင်ကြိုးစားကြရင်း
တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်မလုပ်မိ
ကြသည်မှာ နှစ်ရက်ပင်ရှိပြီ။အထွန်းအတွက်ထိုနှစ်
ရက်မှာ နှစ်ပေါင်းကုဋေကုဋာလောက်ရှိသည်။

မမနှင့်မေမေနယ်ကိုပြန်သွားပြီးနောက်ပိုင်း ရုံးစော
စောဆင်းကာ အပြင်မှာသာစား၍အိမ်ကိုနောက်ကျမှ
ပြန်လာဖြစ်သည်။ဖုန်းကိုလဲ စက်ပိတ်ထားကာ
အရာအားလုံးနှင့် ခဏတာအဆက်အသွယ်ဖြတ်ထား
မိသည်။သို့သော် သူမမွေးနေ့မှာ မနက်ဖြန်ဖြစ်သော
ကြောင့် သူမအိမ်ကိုသွားချင်မိသည်။အထွန်းကို
စိတ်ဆိုးနေပြီဆိုတာသိသော်လည်း စိတ်မှာမထိန်း
နိုင်တော့သောကြောင့် စက်ပိတ်ထားသောဖုန်းကို
ဖွင့်လိုက်သောအခါ ခေါ်ထားသောဖုန်းများမှာ
မနည်းပေ။အထွန်းလဲ ဘာမှစဉ်းစားမနေတော့ဘဲ
သူမဆီသို့သာ ဖုန်းခေါ်လိုက်တော့သည်။

"ဟဲလို''
"အင်း''
"မမမြတ် မနက်ဖြန်အားလားဟင်''
"အင်း''

တအင်းအင်းဖြင့်ပြောနေသော သူမရဲ့စိတ်အခြေအနေကို အထွန်းသိလိုက်သည်။သူမကိုချော့ချင်သော်
လည်း မနက်ဖြန်မှသာပေါင်းချော့တော့မည်ဟု
တွေးလိုက်ရင်း.......

"မနက်ဖြန်က မမမြတ်ရဲ့မွေးနေ့ဆိုတော့ အထွန်း......
မမမြတ်ဆီလာမလို့''
"ဘာလာလုပ်မှာလဲ ကိုယ့်ဟာကိုယ် တစ်ယောက်ထဲ
နေစမ်းပါ''
"မမမြတ်ကလဲ အထွန်းစိတ်မကောင်းဖြစ်အောင်
မလုပ်ပါနဲ့''
" သြော်....ဘယ်သူကမင်းကိုစိတ်မကောင်းဖြစ်အောင်
လုပ်နေလို့လဲ....မင်းပဲတို့ကိုလုပ်သွားတာမဟုတ်ဘူး
လား။တို့ကို နည်းနည်းလေးတောင် ဂရုမစိုက်ဘဲ
ပစ်သွားတာလေ''
"ဟုတ်ပါတယ် မမမြတ်ကလဲ....ဒါပေမဲ့ မမမြတ်လဲ
အထွန်းကိုပစ်ထားတယ်လေ''
"မင်းကနေနိုင်ပေမဲ့...တို့ဘယ်လောက်ကြေကွဲနေရလဲ
ဆိုတာ မင်းသိလား''

ဖုန်းထဲမှ သူမငိုပြောနေသောအသံကိုကြားနေရသော
ကြောင့် အထွန်းစိတ်မကောင်းဖြစ်မိသည်။ဒီနှစ်ရက်
လောက်လေးမှာ အထွန်းမရှိလဲသူမနေတတ်လိမ့်မည်
ဟုထင်ထားသောအတွေးမှာ တပ်အပ်ပင်လွဲနေ
သည်။

သူမ သိေစ..... (Z+U)Tempat cerita menjadi hidup. Temukan sekarang