[Unicode]
လွန်ခဲ့သော မိနစ်အနည်းငယ်ခန့်...............
"မမမြတ် ဘုဏ်းသစ်ရောက်နေပါပြီ''
"အခန်းထဲ ဝင်လာခိုင်းလိုက်''
"မဟုတ်ဘူး မမမြတ်... အောက်မှာသူစောင့်နေတယ်''
"ဟုတ်လားလဲ့..... လာခဲ့မယ်''
ရုံးခန်းတံခါးပိတ်ပြီး အောက်ထပ်သို့ဆင်းလာသော
အခါ လူတွေတရုန်းရုန်းနှင့် 'အားကျလိုက်တာ'ဟူ
သော စကားဖြင့် မြတ်ကိုကြည့်ကာပြောနေသော
ကြောင့် ထူးဆန်းနေသည်။အရှေ့တွင်စုပြုံနေသော
လူအုပ်ကြီးမှာ မြတ်ကိုမြင်ကာ ဘေးကပ်၍
လမ်းဖယ်ပေးလိုက်သောအခါ မြင်တွေ့လိုက်ရသော
ုမြင်ကွင်းကြောင့် အထိတ်တလန့်နှင့်အံ့သြမိသည်။
ထိုမြင်ကွင်းမှာ ပန်းစည်းကိုင်၍ဒူးထောက်ထားသော
ဘုဏ်းသစ်ပင်။သူ့ရဲ့မျက်နှာမှာ ပြုံးရွှင်နေသည့်ပုံ
ဖြင့် မြတ်ကိုကြိုဆိုနေသည်။ထိုမျက်နှာပေးမျိူးကို
မြတ်မုန်းသည်။လူအုပ်ကြားထဲတွင် အထွန်းကိုဝေ့
ဝိုက်ရှာသော်လည်း မတွေ့။ဒီလူတွေနဲ့အတူတူတစ်နေ
ရာရာမှာ စောင့်ကြည့်နေတာလား...ဒါမှမဟုတ် သူ
ထွက်သွားပြီလား......။
"Happy Birthday မြတ်... ပျော်ရွှင်စရာမွေးနေ့
လေးဖြစ်ပါစေ''
"ဝိုး...........''
လူတွေရဲ့ အားကျနေသည့်အသံထွက်လာသောအခါ
စိတ်ကျဉ်းကျပ်လာမိသည်။Video တွေရိုက်နေ
သောကြောင့် ဒီကိစ္စပြီးရင် နောက်ဆက်တွဲဖြစ်ပေါ်
လာမည့်ပြသာနာများကို ကြိုသိနေကာ စိတ်ကိုတည်
ငြိမ်အောင်ပြုလုပ်၍ ဘုဏ်းသစ်အနားသို့လျှောက်
လာလိုက်သည်။
"ကျွန်မကို ဒီပန်းစည်းလေးပေးဖို့အတွက်နဲ့
ဒူးထောက်ထားစရာမလိုပါဘူးရှင်....''
"ပန်းစည်းပေးဖို့အတွက်ပဲမဟုတ်ဘူး မြတ်...ချစ်ခွင့်
ပါပန်မလို့''
"အားကျလိုက်တာ''
"ဥက္ကဌနဲ့ကိုဘုဏ်းသစ် တွဲလိုက်ရင် နေနဲ့လရွှေနဲ့မြပဲ
ဗျိူ့.....''
ဘုဏ်းသစ်အကြောင်းကို မသိသေးသောသူများက
တော့ ဒီလိုစကားတွေပြော ပြီးမြှောက်ပင့်နေကြပေမဲ့
မြတ်ကတော့ ဘုဏ်းသစ်ရဲ့မျက်နှာကို အက်ဆစ်ဖြင့်
ပက်ချင်နေမိသည်။ထို့နောက် ဒူးထောက်ထားရာမှ
ထလာကာ ပန်းစည်းကိုပေးရင်း.........
YOU ARE READING
သူမ သိစေ..... (Z+U)
Romanceဦးနှောက်နဲ့တွက်ချက်ပြီးလုပ်ရတဲ့ စီးပွားရေး တွေမှာ တို့ကအောင်မြင်ပေမဲ့ အချစ်ရေးမှာနှလုံးသားတစ်ခုကို ရှေ့တန်းတင်ပြီး ဦးနှောက်နဲ့ မဆုံးဖြတ်ခဲ့မိတော့ ကျရှုံးပြီးပေးဆပ်ရတာတွေများလာတယ်။ ပင်ပန်းနာကြည်းခဲ့ရတယ်။ချစ်ခြင်းမေတ္တာတရားနဲ့ ပတ်သက်လာရင်လဲ ရင်ထဲမှာ...
