[Unicode]
မျက်လုံးနှစ်လုံးပွင့်သည်နှင့်တစ်ပြိုင်နက် ဘေးတွင်
အိပ်မောကျနေသော သူမကိုမြင်လိုက်ရသောကြောင့်
အထွန်းရဲ့မနက်ခင်းလေးဟာ ပိုပြီးလှပနေသည်။
မနက်စောစောနိုးနေသောကြောင့် သူမကိုမနှိုးသေးဘဲ မျက်နှာသစ်ပြီး အောက်ထပ်သို့ဆင်းလာခဲ့သည်။
သူမ မနက်စာစားရန် ပေါင်မုန့်မီးကင်စက်ထဲ
ပေါင်မုန့်ထည့်ကာ Coffee ဖျော်လိုက်သည်။Black
Coffeeမှ သောက်တတ်သောသူမအတွက် သံပုရာသီးစိတ်ကလေး တစ်စိတ်ထည့်ညှစ်လိုက်ကာ အပေါ်
ထပ်သို့ ယူဆောင်သွားလိုက်သည်။
အခန်းထဲသို့ရောက်သောအခါ Coffeeခွက်နှင့်ပေါင်
မုန့်ပန်းကန်ကို စားပွဲပေါ်တင်၍ ကုတင်ဘေးတွင်
ထိုင်ချလိုက်ကာ.......
"မမမြတ် မမမြတ်.....မမမြတ်''
"ဟင်''
"မမမြတ် ထတော့ မနက်စာစားရအောင်''
"အင်း....''
အိပ်ယာပေါ်တွင် လှဲနေရမှ ထိုင်လိုက်သည့်အခါ သူမ
ရဲ့ လက်ဖမိုးလေးနှင့် နဖူးလေးကိုနမ်းလိုက်သော
ကြောင့် အထွန်းကိုပြုံးကြည့်ကာ.......
"မနက်အိပ်ယာထတိုင်း Morning kiss ပေးရ
မယ်''
"ဟားဟား.....ပေးပါ့မယ် ပေးပါ့မယ်....အဲ့ဒါဆို
အထွန်းက ဒီမှာတစ်သက်လုံးနေမှရမှာနော်''
" နေရမှာပေါ့ တစ်သက်လုံး....နေပါဦး Coffeeနံ့ရ
နေတယ်''
Coffee နံ့ရှိရာသို့လှည့်၍နှာခေါင်းရှုံ့ကာပြော
နေသောသူမကို စားပွဲပေါ်မှ Coffeeခွက်လှမ်ပေး
လိုက်ကာ.......
"မမမြတ်အတွက် အထွန်း Coffee ဖျော်လာတာ''
" သောက်ဖူးသမျှ Coffeeထဲမှာ အထွန်းဖျော်တဲ့
Coffee ကအကောင်းဆုံးပဲ''
" မြှောက်ပြန်ပြီ...''
"အထွန်း''
"ဟုတ် မမမြတ်''
"မမမြတ်တို့ ခရီးသွားရအောင်''
"ဘယ်ကိုလဲ မမမြတ်ရဲ့ ''
"အင်း..........ငပလီသွားကြရအောင် မမမြတ်က
ကမ်းခြေဆို သိပ်သဘောကျတာ''
"ဟန်းနီးမွန်းလိုလား......''
မြတ်ကိုမရဲတရဲဖြင့် ခေါင်းလေးငုံ့ပြီး မေးနေသော
အထွန်းရဲ့ မေးစေ့လေးကို လှမ်းကိုင်၍......
"အထွန်းက ဟန်းနီးမွန်းလိုသွားချင်တယ်လို့ အမိန့်
ပေးလိုက်ရင် မမမြတ်ကသွားမယ့်ခရီးစဉ်ကို
ဟန်းနီးမွန်းလို ပျော်ပျော်ကြီးထွက်ပလိုက်မယ်...''
"ဟီးဟီး.....အဲ့ဒါဆို အထွန်းတို့ဘယ်တော့သွားကြမလဲ''
"အင်း......မမမြတ်လဲစဉ်းစားနေတာ နောက်တစ်ပတ်
ဆို အလုပ်တွေကလဲရှုပ်ပြီ နိုင်ငံခြားဧည့်သည်တွေနဲ့
လဲချိန်းထားတာဆိုတော့.....မမမြတ်တို့ ဒီနေ့သွားကြ
မလား''
"ဟာ.....မမမြတ်ကလဲ အလုပ်သွားရမဲ့ကိစ္စ''
"အလုပ်ကို လဲ့ဆီခဏအပ်ထားလို့ရတယ်လေ....
လဲ့လဲရှိနေတာပဲ''
"ဒါပေမဲ့ အထွန်းကမရဘူးလေ...မမမြတ်ကော
အထွန်းကော ကုမ္ပဏီမှာ မရှိရင် လူတွေသတိထားမိ
ကုန်လိမ့်မယ် မဖြစ်ဘူး မဖြစ်ဘူး ပိတ်ရက်မှသွား
မယ်''
" သြော်......ရပါတယ်....စိတ်ကလောသွားတယ်....
မမမြတ်ရေချိူးတော့မယ်''
YOU ARE READING
သူမ သိစေ..... (Z+U)
Romanceဦးနှောက်နဲ့တွက်ချက်ပြီးလုပ်ရတဲ့ စီးပွားရေး တွေမှာ တို့ကအောင်မြင်ပေမဲ့ အချစ်ရေးမှာနှလုံးသားတစ်ခုကို ရှေ့တန်းတင်ပြီး ဦးနှောက်နဲ့ မဆုံးဖြတ်ခဲ့မိတော့ ကျရှုံးပြီးပေးဆပ်ရတာတွေများလာတယ်။ ပင်ပန်းနာကြည်းခဲ့ရတယ်။ချစ်ခြင်းမေတ္တာတရားနဲ့ ပတ်သက်လာရင်လဲ ရင်ထဲမှာ...
