[Unicode]
ကားမောင်းလာသည့်တောက်လျှောက်လုံး
သစ်သစ်နဲ့သူစကားတစ်လုံးမှ မပြောဖြစ်ခဲ့။သစ်သစ်
လဲကိုယ့်အတွေးနဲ့ကိုယ် သူလဲသူ့အတွေးနဲ့သူ။
သို့သော် သူမောင်းနေသည့်လမ်းတစ်လျှောက်မြင်
ကွင်းကိုကြည့်လိုက်သောအခါ အိမ်ကိုသွားသည့်
လမ်းမဟုတ်သောကြောင့် သစ်သစ်စိတ်ထဲထင့်နေမိ
သည်။ပိတ်ထားသည့်ကားမှန်ကို ခလုတ်နှိပ်၍ သေ
ချာအောင်မှန်ချပြီးကြည့်သောအခါ ဘုဏ်းသစ်မှာ
သစ်သစ်ကို နောက်ထပ်ဇာတ်လမ်းတစ်ခုဆင်နေပြီ
ဟုထင်လိုက်သည်။
ထို့နောက် သွေးအေးအေးဖြင့် သစ်သစ်ဘေးတွင်
ကားမောင်းနေသော ဘုဏ်းသစ်ကို ဒေါသစိတ်နှင့်
စူးရှသောမျက်လုံးများဖြင့် လှည့်ကြည့်လိုက်ကာ.....
"ကျွန်မကို ဘယ်ခေါ်သွားနေတာလဲ''
မေးနေသောမေးခွန်းကိုပြန်မဖြေဘဲ ကားကိုသာ
အာရုံစိုက်၍မောင်းနေသော ဘုဏ်းသစ်ကို စိတ်
မရှည်ဖြစ်လာကာ.....
" မေးနေတယ်လေ....ဘယ်ကိုသွားနေတာလဲလို့''
" ပါးစပ်ပိတ်ပြီး လိုက်လာခဲ့စမ်းပါ....စကားမများနဲ့
နားငြီးတယ်''
"ရှင်ပြောတော့ အိမ်ကိုဆို.....ဒါ...ဒါအိမ်ပြန်လမ်းမှ
မဟုတ်တာ.....ရှင် ကျွန်မကို ဘာတွေခေါ်သွားနေတာ
လဲ......''
"ဟာ....ဒီမိန်းမကတော့....အေးအေးဆေးဆေးနေ...
ငါကားမောင်းနေတယ်''
"ကျွန်မမေးတာ ရှင်ဖြေလေ....''
"မင်းမေးတိုင်း ငါဖြေရအောင် မင်းကဘာလဲ....
သစ်သစ် နင်ဒီအတိုင်းငြိမ်ငြိမ်လိုက်လာခဲ့....နင်ငါ့
စိတ်ကိုသိပါတယ်''
"ဟင့်အင်း.....မသိဘူး.....မသိဘူး....ကျွန်မကိုအခု
အိမ်လိုက်ပို့ပေး...မပို့ပေးရင် ကျွန်မ ကားပေါ်ကနေ
ခုန်ဆင်းမှာနော်....''
ထိုအခါ သူ့ဘက်မှာ ကားတံခါးLock ချသည့်အသံ
ကိုကြားလိုက်ရသောကြောင့် သစ်သစ်ဘက်မှ
တံခါးLock ကလဲ အလိုအလျောက်ကျသွားလေ
သည်။ထို့နောက်ရုတ်တရက် ကားကိုလမ်းဘေးတွင်
ကပ်ရပ်လိုက်ကာ သစ်သစ်ရဲ့လက်ကောက်ဝတ်ကို
ဆုပ်ကိုင်ထား၍......
"နင်သေချင်ရင် အခုမသေနဲ့ဦး...ငါနင့်ကိုမသေခိုင်း
သေးဘူး...အခုနင့်ကိုပြန်ခေါ်တယ်ဆိုတာ....နင့်အပေါ်
ငါပြန်ကောင်းမယ်လို့များထင်နေလား....မထင်လိုက်
နဲ့သစ်သစ်....နင်က မြတ်လောက်ဘောင်မဝင်ဘူး''
YOU ARE READING
သူမ သိစေ..... (Z+U)
Romanceဦးနှောက်နဲ့တွက်ချက်ပြီးလုပ်ရတဲ့ စီးပွားရေး တွေမှာ တို့ကအောင်မြင်ပေမဲ့ အချစ်ရေးမှာနှလုံးသားတစ်ခုကို ရှေ့တန်းတင်ပြီး ဦးနှောက်နဲ့ မဆုံးဖြတ်ခဲ့မိတော့ ကျရှုံးပြီးပေးဆပ်ရတာတွေများလာတယ်။ ပင်ပန်းနာကြည်းခဲ့ရတယ်။ချစ်ခြင်းမေတ္တာတရားနဲ့ ပတ်သက်လာရင်လဲ ရင်ထဲမှာ...
