[Unicode]
အစပိုင်းတွင်အလုပ်လုပ်ရသည့်အခါ အထွန်းအတွက်
နည်းနည်းကတောက်ကဆဖြစ်ပေမဲ့ နောက်ပိုင်း နေသားကျလာခဲ့သည်။ထို့နောက် တစ်လ နှစ်လ သုံးလ
အထွန်းမှာ အလုပ်ထဲရှိလူတွေအားလုံးနှင့် အဆင်ပြေ
အောင် ပေါင်းသင်းဆက်ဆံသည်။လုပ်ငန်းတာဝန်
များအားလုံးကိုလဲ ကျေပွန်အောင်ကြိုးစား၍
လုပ်ဆောင်သည်။လုပ်ငန်းအဖွဲ့အစည်းသို့ရောက်
သည့်အခါ လူတွေ၏သဘောသဘာဝအတိုင်း
အထွန်းကိုမနာလိုသူများရှိသလို ချစ်ခင်ကြသူများလဲရှိသည်။
တလောကပင် သစ်သစ်ဆိုသောကောင်မလေးသည်
အလုပ်ကိစ္စကြောင့်အထွန်း ငါးရက်လောက်
စင်ကာပူသို့ထွက်ရတာကိုပင် မနာလိုဖြစ်ကာ
အခုချိန်ထိအထွန်းကို အစာမကြေဖြစ်တုန်း.....။
မနက်ခုနှစ်နာရီထကာရုံးသွားဖို့ ပြင်ဆင်ရသည်။ကိုးနာရီအရောက် ကုမ္ပဏီသို့သွားရသည်။ခြောက်နာရီခွဲတွင်ရုံးဆင်းသောကြောင့် ခုနစ်နာရီကျော်တွင် အိမ်
ရောက်ကာ တစ်ခါတစ်လေ ညစာစားချင်စားသည်။
ညစာမစားတော့ဘဲ ရေချိူးပြီး တန်းအိပ်လိုက်သည့်
နေ့များက ပို၍ပင်များသည်။သို့သော်... ခုတစ်လောသူမကို သိပ်မတွေ့ဖြစ်။အထွန်းဆီမှာ သူမဖုန်းနံပါတ်
ရှိသော်လည်း ဖုန်းဆက်ရအောင် သူမနဲ့အထွန်းဟာ အလုပ်ရှင်နှင့်အလုပ်သမားဖြစ်သည်။အထွန်းဘာ
ကြောင့်များ သူမကိုတွေ့ချင်နေတာလဲဆိုတာ ကိုယ်
တိုင်ပင်မသိ။သူမအကြောင်းဆက်မတွေးတော့ဘဲ
ခေါင်းထဲကထုတ်လိုက်သည်။
စာရင်းတွေတွက်လိုက် Reportတင်ရမည့်စာရွက်
စာတန်းတွေကြည့်လိုက်နှင့် အိပ်ငိုက်ချင်လာသလို
ဖြစ်ကာ လမ်းထွက်လျှောက်ရင်း ကုမ္ပဏီနားက Coffeeဆိုင်သို့ ရောက်လာသည်။ Coffeeမှာပြီး
ခဏထိုင်ကာ မှန်ပြတင်းပေါက်သို့ငေးရင်း သူမစီးနေ
ကျဖြစ်သော ကားကိုတွေ့လိုက်သည်။အထွန်းလဲ
ဆိုင်ထဲမှထွက်လာကာ ဖုန်းဝင်လာသောကြောင့်
ထုတ်ကြည့်လိုက်ကာ မဆုလဲ့ဖြစ်နေသည်။
"ဟဲလို... မလဲ့''
"အထွန်းဘယ်ရောက်နေလဲ အထွန်းအခန်းထဲကဖုန်းကိုခေါ်တာမကိုင်လို့ဒီဖုန်းကိုခေါ်လိုက်တာ''
" အော်... မလဲ့...အထွန်း Coffee သောက်မလို့ဆိုပြီး
ခဏထွက်လာတာ ဟီးဟီး.."
" အေး... အဲ့ဒီ့မှာ မသိအောင်ခိုးခိုးထွက်နေလိုက်။ငါလဲ သနားလို့ ဥက္ကဌကိုမပြောတာနော် ဟင်း ဟင်း။
အခု ရုံးခန်းထဲလာပြီး လက်မှတ်ထိုးရမဲ့ဟာနဲ့ တင်ပြ
ရမဲ့စာရွက်စာတမ်းတွေယူလာခဲ့ အမြန်''
"ဟုတ်ကဲ့ ဟုတ်ကဲ့ အထွန်းအမြန်လာခဲ့မယ်နော်''
YOU ARE READING
သူမ သိစေ..... (Z+U)
Romanceဦးနှောက်နဲ့တွက်ချက်ပြီးလုပ်ရတဲ့ စီးပွားရေး တွေမှာ တို့ကအောင်မြင်ပေမဲ့ အချစ်ရေးမှာနှလုံးသားတစ်ခုကို ရှေ့တန်းတင်ပြီး ဦးနှောက်နဲ့ မဆုံးဖြတ်ခဲ့မိတော့ ကျရှုံးပြီးပေးဆပ်ရတာတွေများလာတယ်။ ပင်ပန်းနာကြည်းခဲ့ရတယ်။ချစ်ခြင်းမေတ္တာတရားနဲ့ ပတ်သက်လာရင်လဲ ရင်ထဲမှာ...
