[Unicode]
📣📣📣📣📣📣📣📣📣📣📣📣
Readers လေးတို့ရေ Part 31 က
အထွန်းအဖေပြောလိုက်တဲ့စကားတွေဟာ LGBT တွေကို နှိပ်ချဆက်ဆံတဲ့သဘောမျိူးနဲ့မမြင်စေချင်ဘဲ တကယ့်အပြင်လောကမှာ ဒါတွေဟာ ဒီလိုတွေပြောဆိုကြတာတွေရှိတဲ့အတွက်ကြောင့် အထင်မလွဲစေချင်ပါ...
နောက်ပြီး ဆေးလောကနဲ့ပတ်သက်လို့ သိပ်ပြီး
မကျွမ်းကျင်တဲ့အတွက်ကြောင့် ဒီစာထဲမှာရေးထား
တာလေးတွေ တစ်ခုခုလိုအပ်နေရင် နားလည်ပေးပြီး
ဖတ်ရှုပေးပါလို့ ဦးစွာ ပထမ ပြောပါရစေ 🙏
_______________________________________
"လူနာက သွေးပေါင်တွေထိုးကျနေလို့ မူးမေ့သွားတာပါ...''
"ဆရာမ...အဲ့ဒါဆို ကျွန်မယောကျာ်းသိပ်တော့မစိုး
ရိမ်ရဘူးမလားဟင်....''
စိုးရိမ်တကြီးဖြင့်ဆရာဝန်ကိုမေးနေသော အမေ့ကို
အထွန်းကြည့်လိုက်သောအခါ မျက်ဝန်းထဲမှမျက်
ရည်များတဖြည်းဖြည်းစီးကျနေသည်။မမကလဲ
အမေ့ရဲ့လက်ကလေးတစ်ဖက်ကိုကိုင်ထားကာ
စိုးရိမ်စိတ်ဖြင့် ဆရာဝန်ရဲ့စကားကိုသေချာအာရုံ
စိုက်ကာနားထောင်နေလေသည်။ကိုယ့်အပြစ်နဲ့ကို
မလို့ အထွန်းလဲ အဖေ့ကိုစိတ်မကောင်းဖြစ်မိကာ
နောင်တရနေမိသည်။ထိုအခါ......
"သိပ်တော့မစိုးရိမ်ရပေမဲ့.....လူနာရဲ့နှလုံးကလဲ
အားနည်းနေပါတယ်....တကယ်ဆိုရင်လူတစ်ယောက်
နဲ့တစ်ယောက်က သွေးပေါင်ချိန်မတူကြပေမဲ့ အပေါ်
သွေး၉၀ထက်နည်းရင် ဒါမှမဟုတ် အောက်သွေး၆၀
ထက်နည်းရင် သွေးပေါင်ကျတယ်လို့ကျွန်မတို့က
အကြမ်းဖျင်းသတ်မှတ်ပါတယ်။သွေးပေါင်ကျတာဟာ ရေဓာတ်ချိူ့တဲ့တာကနေပြီးတော့ တခြားကျန်း
မာရေးပြသာနာတွေလဲဖြစ်နိုင်ပါတယ်...''
"ဒါဆို ဆရာမ ကျွန်မတို့အဲ့ရောဂါကုလို့ရလားဟင်''
မမမေးလိုက်သောစကားကြောင့် အထွန်းလဲ
ဆရာဝန်ကို မျှော်လင့်ချက်ဖြင့် ကြည့်လိုက်မိသည်။
" သွေးပေါင်ကျတဲ့ရောဂါကို ကုသလို့ရနိုင်ပေမဲ့
ဖြစ်စေတဲ့အကြောင်းအရင်းကိုရှာဖွေဖို့အတွက်
အရမ်းအရေးကြီးပါတယ်....ခေါင်းမူးတာ၊မူးမေ့တာ၊
စိတ်ကျတာ၊မောပန်းတာ၊အသက်ရှူမြန်တာ၊ရေငတ်
တာ စတဲ့အခြားလက္ခဏာတွေကနေ စဖြစ်တာပါ။
ကျွန်မတို့စမ်းသပ်ချက်အရကတော့ လူနာရဲ့နှလုံးခုန်
နှုန်းကနှေးကွေးနေပါတယ်။နှလုံးအဆို့ရှင်ပြသာနာ
တွေနဲ့နှလုံးသိပ်ပြီးအလုပ်မလုပ်နိုင်တာတွေကြောင့်
သွေးပေါင်ကျတာပါ''
"ဒါဆို နောက်ဆက်တွဲဆိုးကျိူးတွေကရော ဘာဖြစ်
မှာလဲ ဒေါက်တာ''
YOU ARE READING
သူမ သိစေ..... (Z+U)
Romanceဦးနှောက်နဲ့တွက်ချက်ပြီးလုပ်ရတဲ့ စီးပွားရေး တွေမှာ တို့ကအောင်မြင်ပေမဲ့ အချစ်ရေးမှာနှလုံးသားတစ်ခုကို ရှေ့တန်းတင်ပြီး ဦးနှောက်နဲ့ မဆုံးဖြတ်ခဲ့မိတော့ ကျရှုံးပြီးပေးဆပ်ရတာတွေများလာတယ်။ ပင်ပန်းနာကြည်းခဲ့ရတယ်။ချစ်ခြင်းမေတ္တာတရားနဲ့ ပတ်သက်လာရင်လဲ ရင်ထဲမှာ...
