Part -6 (Unicode)

8.8K 434 7
                                        

[Unicode]
မှန်ပြတင်းပေါက်မှ အလင်းတန်းများကြောင့် မြတ်
တစ်ယောက်နိုးလာသည်။တစ်စုံတစ်ယောက်က
မြတ်ကိုဖက်ထားသောကြောင့်  မြတ်ရဲ့ခန္ဓာကိုယ်မှာ နွေးထွေးသလိုခံစားနေရသည်။နဖူးပေါ်တွင်
အသက်ရှူသံများကြောင့် တစ်ချက်တစ်ချက်
နွေးထွေးသောလေများခံစားရသည်။ခေါင်းကိုဖြည်း
ဖြည်းကလေးမော့ကြည့်လိုက်သောအခါ ကလေးတစ်
ယောက်လိုပင် အိပ်မောကြနေသောအထွန်း။မနေ့ညက အဖြစ်အပျက်များကိုမြင်ယောင်လာရင်း
မြတ်ခေါင်းတွေကိုက်လာသည်။အထွန်းအပေါ် မြတ်
အမှားလုပ်မိခဲ့ပြီ....။

မျက်နှာပေါ်တွင် ဆံနွယ်များဖြင့်ဖုံးလွှမ်းနေ
သော သူမဆံပင်ကိုလက်ဖြင့်အသာအယာဖယ်၍
မျက်နှာကို တခဏငေးမောကြည့်နေမိသည်။

အထွန်းရဲ့မျက်နှာလေးမြင်တိုင်း ပျော်ရွှင်ရသည်။သူ့အရှေ့တွင် အရာအားလုံးမေ့ပျောက်သွားကာ
လွတ်လွတ်လပ်လပ်ရယ်မောမိသည်။သူပြောသော
စကားများနှင့်အမူအရာလေးများမှာ မြတ်အတွက်
ချစ်ဖို့ကောင်းသည်။အန္တရာယ်တွေကြားထဲမှာမှ
မြတ်အတွက်ဆို အနစ်နာခံပြီး ကာကွယ်ပေးသည်။
နှစ်သိမ့်ပေးသည်။အထီးကျန်နေသည့်မြတ်ရဲ့ဘဝဟာ
သူ့ကြောင့်ပျော်ရွှင်ရသည်။

သို့သော် မြတ်နားမလည်သည်မှာ အထွန်းနားရောက်
တိုင်း ထူးဆန်းသောခံစားချက်များကိုခံစားရသည်။
သူပြောသောစကားများကို နားထောင်တိုင်း မြတ်ရင်
ခုန်မိသည်။အထွန်းရဲ့ဂရုစိုက်မှုတွေအပေါ်မှာ မြတ်
သာယာမိသွားတာလား ဒါမှမဟုတ် မြတ်....မြတ်သူ့
ကိုများ ချစ်မိသလိုများခံစားနေရတာလား...။

ဟင့်အင်း...ဟင့်အင်း.....ဖြစ်လို့မရဘူး အဲ့လိုဖြစ်လို့မရဘူး။အထွန်းကမိန်းကလေးတစ်ယောက်လေ....မြတ်
လဲမိန်းမတစ်ယောက်။အို......ဖြစ်ကိုမဖြစ်သင့်တာ။
မြတ်တွေးနေချိန် အထွန်းနိုးလာသည်။အိပ်ယာမှ ထမလို့ကိုယ်ကိုရုန်းလိုက်ရင်း....

"ခဏလေးပါ မမမြတ်ရယ်....''

မြတ်ရဲ့ခန္ဓာကိုယ်ကို တင်းကျပ်စွာဖက်ထားကာ သူ့
ရင်ခွင်ထဲတွင်နေစေသည်။မြတ်လဲ ရင်ဘတ်ကိုလက်
ဖြင့်တွန်းဖယ်လိုက်ကာ....

သူမ သိေစ..... (Z+U)Onde histórias criam vida. Descubra agora