[Unicode]
ငပလီမှ မနက်စောစောထ၍ ကားဖြင့် ရန်ကုန်သို့
ပြန်လာခဲ့ကြကာ နေ့ခင်းပိုင်းလောက်အိမ်ကိုရောက်
ခဲ့ကြသည်။နှစ်ယောက်လုံးမှာ ပင်ပန်းနေသော
ကြောင့် တရေးတမောအိပ်ကာ ညစာကိုအပြင်မှာပဲ
စားတော့မည်ဟုဆုံးဖြတ်လိုက်သည်။
အိပ်ရာနိုးပြီးပြီးချင်းရေမိုးချိူးအဝတ်အစားလဲကာ
ရုတ်တရက် စိုးရိမ်စိတ်များဖြစ်ပေါ်လာသောကြောင့်
အောက်ထပ်သို့ဆင်းသွားသော သူမနောက်သို့
အထွန်းပြေးလိုက်သွားကာ......
"မမမြတ် မမမြတ်''
ကားတံခါးဖွင့်တော့မည့်သူမလက်ကို လှမ်းတားမိ
လိုက်သောကြောင့် အထွန်းကိုသူမကြည့်ကာ.....
"လန့်လိုက်တာအထွန်းရယ်....အလန့်တကြားနဲ့
ဖြည်းဖြည်းခေါ်ပါ''
"မမမြတ်ဗိုက်ဆာနေပြီမလား အထွန်းကိုယ်တိုင်ပဲ
သွားဝယ်ပေးမယ် မမမြတ်မလိုက်နဲ့တော့''
"ဟယ်...ဘာဖြစ်လို့လဲ''
"နည်းနည်းမှောင်နေပြီလေ.....ဟို.....မမမြတ်လဲ ခရီးကပြန်လာတော့ ပင်ပန်းနေတာ အိမ်မှာပဲနားလိုက်
နော်....''
တကယ်တော့ သူမကို ဘယ်အပြင်မှ ခေါ်မသွားချင်
တော့ပေ.......ကိစ္စတွေဖြစ်ပြီးကထဲက လူတွေရဲ့နှုတ်
ဖျားမှာ သူမရဲ့မကောင်းသတင်းတွေကြီးပဲနေရာ
တိုင်းပျံ့နှံ့နေသည်။အခုလဲ လူတွေ သူမကိုအထွန်း
နဲ့တွဲမြင်နေရင် အပုပ်ချကြကုန်လိမ့်မည်။အင်မတန်မှ
စိတ်နုလှသော သူမအတွက် လူတွေရဲ့ကြမ်းတမ်းလှ
တဲ့စကားတွေကြောင့် သူမခံစားနေရမှာကို အထွန်း
မလိုလားသည်မှာ အမှန်.....။
"ဟာ....အထွန်းကလဲ အတူတူသွားစားမယ်လို့ပြော
ထားရက်သားနဲ့ တကယ်ပါပဲ မရဘူး မရဘူး သွား
မယ်''
"မမမြတ်ရယ်....အထွန်းပြောတဲ့စကားကို ဒီတစ်ခါ
တော့ နားထောင်ပါ......''
ကိုင်ထားသည့်လက်ကို ဖယ်လိုက်ပြီး လက်ပိုက်၍
အထွန်းကိုသူမ ခပ်တည်တည်ကြည့်ကာ.....
"အထွန်းစကားကို မမမြတ်ဘယ်တုန်းကများ
နားမထောင်ဖူးတာရှိလို့လဲ....ကဲ ပြော.....အထွန်းဘာ
ဖြစ်နေတာလဲ ဟမ်....ကားပေါ်မှာကထဲက မမမြတ်
ကြိုက်တဲ့ဆိုင်အထွန်းလိုက်ကျွေးမယ် ဘာညာနဲ့
ပြောနေပြီးတော့ အခုမှ ဘာဖြစ်သွားတာလဲ''
"မမမြတ် ပင်ပန်း.....''
"မပင်ပန်းဘူး ဘာမှမပင်ပန်းဘူး....အထွန်းနဲ့တော့
ခက်တော့တာပဲ....တစ်ခါတစ်လေကျရင်လေ အထွန်း
ကိုမမမြတ်နားမလည်ဘူးသိလား....''
DU LIEST GERADE
သူမ သိစေ..... (Z+U)
Romantikဦးနှောက်နဲ့တွက်ချက်ပြီးလုပ်ရတဲ့ စီးပွားရေး တွေမှာ တို့ကအောင်မြင်ပေမဲ့ အချစ်ရေးမှာနှလုံးသားတစ်ခုကို ရှေ့တန်းတင်ပြီး ဦးနှောက်နဲ့ မဆုံးဖြတ်ခဲ့မိတော့ ကျရှုံးပြီးပေးဆပ်ရတာတွေများလာတယ်။ ပင်ပန်းနာကြည်းခဲ့ရတယ်။ချစ်ခြင်းမေတ္တာတရားနဲ့ ပတ်သက်လာရင်လဲ ရင်ထဲမှာ...
