P-2

3.6K 177 8
                                    

Zaw

*ရင်ခုန်မှုလားဟင့်အင်းကျွန်တော်မလိုချင်ဖူး ဟင့်အင်းချစ်မိမှာလဲဆိုးတယ် ​​ကျေးဇူးပြုပြီးရင်မခုန်သော ကျောက်နှလုံးသားပိုင်ရှင်ဖြစ်ခွင့်ပေးပါလား*
ရတုဆိုတဲ့ကောင်လေးသူ့စကားကိုနားမထောင်သော ဘယ်ဘက်ရင်အုန်က အကောင်ပေါက်လေးကထိုလူ၏ အကြည့်တစ်ချက်နဲ့တင် အရည်ပျော်သွားခဲ့ပြီလား

_____________________________

*အဲ့ကောင်လေးကိုငါရင်ခုန်မိနေတာလား မဟုတ်လောက်ပါဘူး လူတစ်ယောက်ပြုတ်ကျမှာဆိုးလို့ အမြန်ထိန်းရင်းနှလုံးခုံတာပဲ ဆန်းမှမဆန်းတာ*

________________________________

ခြေဦးများလေးလံစွာ အတွေးများနယ်ကျွံရင်း ကန်တင်းသို့လာရာ သူငယ်ချင်းကြီးမင်းထက်၏စကားသံကြားမှအသိပြန်ကတ်သွားရင်း
"ဟေ့ယောင်စိုင်းကြာလိုက်ကွာမင်းကလဲ...မင်းကြည့်ရတာငူငိုင်နေပြီးအတွေးလွန်နေသလိုပဲ ဘာဖြစ်လာတာတုန်း"

"မင်းထက်ကလည်းကွာ ငါတို့စိုင်းရေခဲတုန်းကြီး အချစ်များတွေ့လာသလားမှမသိတာ..ဟားးးးးး"ပြည့်ဟန်တစ်ယောက်စိုင်းပြန်လာပုံအားကြည့်ပြီး ပြောမိခြင်း

"မင်းတို့သိရဲ့သားနဲ့ ငါကဒီလိုပဲနေတတ်လို့ပါ။ ကြာတာကလဲကောင်လေးတစ်ယောက်ကို ကူညီနေလို့ပါ"
"ဘာ!!!!ကောင်လေးတစ်ကိုကူညီတယ်..." မင်းထက်နှင့်ပြည့်ဟန်ဆီမှအံသြကြီးစွာပြောလာခဲ့သည်

"လန့်တာကွာ...မင်းတို့ကလဲ ဘာတွေအဲ့လောက်တောင် ဖြစ်သွားတာတုန်း"
"ခဏလေး...ခဏလေး ဟေ့ကောင်းငပြည့် ငါ့ကိုဆွဲဆိတ်ကြည့်ပါလား"
"အားးးးမင်းကလဲကွာနာတာ သူ့အသားမဟုတ်တဲ့အတိုင်း"

"ဟင် မင်းပဲဆွဲခိုင်းတာလေ"
"ငါ့မှားတယ်ပဲထားပါတော့ စိုင်း မင်းတကယ်ပြောနေတာပါနော် ကူညီတယ်ဆိုတာကလေ"
"နေပါဦး မင်းပြောတဲ့ပုံကမသိရင် ငါကပဲလူမှုရေးခေါင်းပါးသလိုလို ဘာလိုလိုနဲ့ ငါကအဲ့လိုလူစားမျိုးမဟုတ်ပါဘူး"

ပြည့်ဟန်မှ"မင်းထက်ပြောတာအဲ့လိုသဘောမျိုးမဟုတ်ဖူးလေ မင်းကအနေအေး​တယ် လမ်းသွားရင်လဲဘယ်မှလျှောက်ကြည့်ပြီးသွားတတ်တဲ့ လူစားမျိုးမဟုတ်တော့ လူတစ်ယောက်အကူအညီလိုတာ မင်းဘယ်လိုသိလဲသိချင်ရုံပါ"
"သြော် အဲ့တာလားဝင်တိုက်မိရင်းနဲ့သိလိုက်ရတာပါ ထားပါတော့ငါပြန်တော့မယ် မင်းတို့ကော "

Can't Lie (Unicode & Zawgyi)Where stories live. Discover now