P-8

1.3K 103 4
                                    

Zaw

နှိုင်းမှာထိုသတင်းကိုကြားပြီးကတည်းက မိမိနှောက်နှေးနေလျင် တစ်ပါးသူလက်ထဲပါသွားတော့မယ်ဆိုး၍ ရတုအားပိုင်ဆိုက်လိုသည့်စိတ်များအား လက်တွေ့အကောင်အထည်ဖော်ရတော့မယ်ဖြစ်သည်။

"ဒီကောင်ဒီလောက်အထိ လက်သွက်မယ်လို့မထင်ထားဘူး မင်းကတောင်လှုပ်ရှားနေပြီပဲ ငါငြိမ်နေလို့မဖြစ်တော့ဘူးမနက်ဖြန်စရတော့မှာပဲ"

နှိုင်းမျက်နှာပေါ်တွင် ညစ်ညစ်တစ်တစ်အပြုံးများတပ်ဆင်သွားလေသည်။

____________

နောက်တစ်နေ့မနက်......

ယနေ့တွင်လဲ လေ့ကျင့်ရန် ကိုယ်စီအခန်းထဲသို့ ရတုတစ်ယောက်သွက်သွက်လာခဲ့သည်။

တစ်လမ်းလုံးမိမိဆီသို့မျက်လုံးများရောက်နေသည်မှာ မော့မကြည့်လဲသိနိုင်သည်မို့ ခေါင်းငိုက်စိုက်၍သာဝင်လာခဲ့သည်။

ခဏအကြာ....
အခန်းထဲသို့စိုင်းဝင်လာပြီး သူနှင့်အတူ မော်ဒယ် ခ လဲပါလာသည်။

"ကဲ..
အားလုံးပဲနေရယူကြ"

စိုင်း၏အမိန့်ပမာတည်ကြည်သော အသံကြောင့် အားလုံး လုပ်လက်စကိစ္စများအားချကာ နေရာအသီးသီးယူကြသည်။

ရတုမှာတော့ စိုင်းကို ချောမောလှပသော မိန်းကလေးတစ်ယောက်နှင့်ယှဉ်တွဲတွေ့လိုက်ရသောကြောင့် မိမိရင်ထဲတွင် ဝမ်းနည်းသလိုဖြစ်လာပြီး သဝန်တိုသည်လို့ပြောရင်လဲမမှားပေ။

မိမိမှာထိုမိန်းကလေးကဲ့သို့​ မို့မောက်သောအရာများ မိန်းကလေးတစ်ယောက်ရှိသင့်ရှိထိုက်သောအရာများ ဖြင့်လှပနေသောသူမကဲ့သို့မရှိငသာကြောင့် သိမ်ငယ်သည်လို့ပြောရမလား။

စိုင်းသည် ထိုကောင်မလေးနဲ့ ယှဉ်တွဲ၍ လျှောက်လာပြီးသူတို့နှစ်ယောက်မှာ လိုက်ဖတ်လွန်းလှသည်တော့မှာမိမိမငြင်းပါ။

စိုင်းမှာလဲ မျက်နှာငယ်သွားသော ရတုကိုကြည့်ပြီး
*ရတုဘာဖြစ်တာလဲ အရင်တုန်းကအဲ့လို့မဟုတ်ပါဘူး အိမ်မှာတစ်ခုခုဖြစ်လိုများလား*
ထိုကောင်လေးဆီသို့အပြေးသွားပြီး မေးချင်ပင်မဲ့အခြေအနေကြောင့် စိုင်းမှာ လာရင်းကိစ္စအားဆက်လုပ်လိုက်ရသည်။

Can't Lie (Unicode & Zawgyi)Tempat cerita menjadi hidup. Temukan sekarang