P-25

1K 66 6
                                    

Zaw

"လာ...မောင်လင်းသူရ ထိုင်..."
"ဟုတ်ကဲ့....ဖွားဖွား" ဖွားကဧည့်ခန်းထဲက လှမ်းခေါ်လို့ လင်း ဖွားရဲ့ ဘေးကခုံမှာ တစ်ရိုတစ်သေလေး ဝင်ထိုင်လိုက်တယ်။

"ဖွား..ကျွန်တော့်ကိုပြောစရာရှိတယ်ဆိုလို့...ကျွန်တော် ဖွားphဆက်ဆက်ချင်းလာမလို့ပါ...အဲ့နေ့ကလဲ ရုံးမှာနဲနဲလေးအလုပ်ရှုပ်နေလို့...ကျွန်တော်တောင်းပန်ပါတယ်။"

ဖွားကသောက်လက်စ coffeeကို လှမ်းချပြီး
"ရပါတယ်..မောင်လင်းသူရ ဖွားနားလည်ပါတယ်။
ဖွားခုခေါ်ရတဲ့ကိစ္စကတော့ အထွေအထူးမဟုတ်ပါဘူး။

မင်းကဟင်းချက်တာကောင်းတယ်လေ..ဆိုတော့...မင်းဖွားအတွက် ဒီညနေစာတစ်ခုခုပြင်ဆင်ပေးပါလား။

ခုတစ်လော အသက်ကလဲ ကြီးလာပြီဆိုတော့ ဘာတွေစားချင်နေမှန်းမသိပါဘူး.... ပါးစပ်ကလဲပျက်တယ်..
အဲ့တာတွေကြောင့်....မောင်လင်းသူရ ဖွားအတွက်တစ်ခုခုပြင်ဆင်ပေးပါလား။"

လင်းသူရမှာ ကျန်းမာရေး မကောင်းလို့ ဆေးရုံတတ်နေရတဲ့ အဖေရှိတယ်။ မိမိဘဝတစ်ယောက်ထဲ ရုန်းကန်နေရတာပေါ့။

ခုတော့ ဖွားက အဖေ့အတွက်ဆေးရုံစရိတ်ကိုထောက်ပံပေး တယ်။ ဘာမှလိုလေသေးမရှိဘူးပေါ့။ဖွားက သူ့အပေါ်ကျေးဇူးရှိတဲ့သူတိုင်းကို ကျေးဇူးဆပ်တာက တကယ်စိတ်ထားကောင်းတစ်ခုပါ။

တစ်နေ့ဖွား company ကိုလာတုန်း toilet နားမှာ မူးပြီး လဲကျမလိုဖြစ်တုန်း ကျွန်တော် ဝင်ထိန်းပေးခဲ့ရတယ်လေ။

အဲ့ကတည်းက သူ့ကိုသာ ကျွန်တော်ဝင်မထိန်းပေးရင် ခေါင်းနဲ့ ကြွေပြားထိပြီး သူခေါင်းကွဲတာတွေဖြစ်မှာတဲ့။ အဲ့ကတည်းက ဖွားက အစစအရာရာ ကျွန်တော့်ကို ကူညီတယ်..

ကျွန်တော်ကတော့ အစကငြင်းပါတယ်။ ဖွားက ကျောင်းကိုလဲdayဆက်တတ်ခိုင်းတယ်။ ကျွန်တော် အခွင့်အရေး အဲ့လောက်မယူချင်ဘူး...

အဖေ့ဆေးရုံစရိတ်နဲ့တင် ကျွန်တော် အားနာနေပြီလေ။ အဲ့တာကြောင့် ကျွန်တော်ကတော့ ကိုယ့်စရိတ်ကိုယ်ရှာနေပါ့မယ်ပြောလို့ နောက်ဆုံးလက်ခံလိုက်တယ် ဖွားက။

Can't Lie (Unicode & Zawgyi)Место, где живут истории. Откройте их для себя