P-29

899 54 4
                                    

Zaw

ညအမှောင်မှာ လရောင်လေးက အခန်းပြတင်းပေါက်ကို ဖြတ်ကျော်ပြီး ကုတင်ပေါ်တွင် gameဆော့နေသော လေးနှစ်အရွယ် အသားဖြူဖြူဥဥ ကလေးလေးပေါ်သို့ကျရောက်နေသည်။

လ၏ အလင်းရောင်ရော၊ အခန်းထဲတွင်ထွန်းထားသော table light​ လေးရဲ့ အလင်းရောင်လေးကော ထိုကလေးငယ်၏ အသားလေးအား ပိုမိုဖြူဖွေးနေအောင်ထောက်ပံ့ပေးနေသည်။

"ဖီဖီ....သားအိပ်ချင်နေပြီ..."
"အိပ်နှင့်..ဖေဖေ မနပ်ကျရင်ပြဖို့ designတွေ စုနေရသေးလို့"

"ဟာ..မရဘူး သားယေ မနက်ဖြန်ကျရင် သားတောင်မလေးနဲ့ တွေ့ရမှာမို့..."
စကားလေးဖြင့်ခုထိ မပီသေး ရည်းစားအကြောင်းပြောလာတော့ ဖခင်ဖြစ်သူမှ အချစ်မျက်စောင်းလေးတစ်ချက် ရရှိလိုက်သည်။

"ဖီဖီ...နော်ယို့.."
လုပ်လက်စ အလုပ်များအား လက်ကချပြီး သားတောင်မောင်စီ သွားရတော့မယ်လေ။

"ကဲ..လာပါပြီဗျာ...အမလေး လူကြည့်တော့ ၄နှစ်... စကားကလဲတတ်ပါ့ ကောင်မလေးကကော အရင်တစ်ယောက်ပဲလား။"

သားလေးအား စောင်ခြုံပေးပြီး သူပါ သားလေးဘေးနားဝင်လှဲလိုက်တယ်။

"ဟီးးးဟုတ်တော့ဖူး...ခုတစ်ယောက်ကယေ အရမ်းချစ်ဖို့ကောင်းတာ။"

"အဲ့တာဆို အဲ့ကောင်မလေးက တော်တော်ချောတာပေါ့။" နှုတ်ခမ်းလေးဆူပြီးပြောလာတော့ ထိုကောင်လေးကလဲ မနေနိုင်ပဲ အဖေကိုပြန်ချော့ရတော့သည်။

"ဖီဖီရယ်...ဘယ်ကောင်မလေးတွေ ဘယ်လောက်ချောချော သားဖီဖီ ရတုမင်းထက် ဆိုသူကိုတော့ မမှီပါဘူး။"
ဖခင်ဖြစ်သူကို လှမ်းဖက်ပြီးချော့ရပေတော့တယ်။

"တတ်ပါပေတယ်။ အိပ်တော့..။"

သားအဖနှစ်ယောက် စောင်လေးခြုံပြီး ညတာကို အတူတူ နှစ်ခြိုက်စွာ အိပ်ရင်း ကုန်ဆုံးပေတော့သည်။
________________________

"ဖွား သားတို့ကိုခေါ်တယ်ဆို။"
"အေးဟုတ်တယ်။ ပြောစရာရှိလို့။ ပြီးတော့ မင်းတို့သဘောထားလဲ သိချင်လို့။"

"ဟုတ်ကဲ့ပြောပါ။"

"ဖွား ပွင့်ပွင့်လင်းလင်းပဲမေးမယ်။ စိုင်း မင်္လာပွဲပျက်သွားလို့ သားလင်းနဲ့ လက်ထပ်လိုက်ရတာလေ။အဲ့ချိန်တုန်းက လူတွေက စိုင်းယောက်ျားလေးတစ်ယောက်နဲ့ လက်ထပ်မယ်မှန်းပဲသိတာလေ။

Can't Lie (Unicode & Zawgyi)Where stories live. Discover now