P-30

1K 72 4
                                    

Zaw

~လွမ်းစရာရှိ နာစရာနဲ့ဖြေတဲ့~
ကျွန်တော် ထပ်လွမ်းလိုက်တယ်
ဈာန်ဧလွဏ်းပြည့်
စိုင်းသုခ

*ညီရယ်..ဘယ်တွေရောက်နေတာလဲ။ ကိုကို့ကို နဲနဲလေးတောင် မလွမ်းဘူးလား။ နဲနဲလေးတောင် ကိုကို့အပေါ် ချစ်တတ်စိတ်လေး မဖြစ်ဖူးလား။ ညီ့ရဲ့ ပထမဦးဆုံးတိုင်းကို ကိုကိုပဲဖြစ်ချင်နေမိတယ်။

ညီနဲ့ပထမဆုံးထိတွေ့ ခွင့်ရတဲ့ ည၊ ညီ့ကို နောက်ဆုံးဖတ်ပြီး အိပ်ခွင့်ရတဲ့ည ကိုကိုဘယ်လိုမေ့ရပါ့မလဲ။ ချစ်တယ်ညီရယ်။ ချစ်တာထက် ပိုတဲ့ စကားလုံးရှိတယ်ဆိုရင် ကိုကိုပြောပြချင်တယ်ညီရယ်။*

'ဒေါက် ဒေါက်'
တံခါးခေါက်သံကြားတော့မှ စိုင်း၏ အတွေးများလွင့်ဆင်သွားတော့တယ်။

"အမလေး စိုင်းရယ် တံခါးခေါက်တာလေ မနှင်းလက်တွေယောင်တော့မယ်နော်။"
မနှင်း၏ ပြုံးစိစိစကားကြောင့် စိုင်းအနဲငယ်တော့ ပြုံးမိသွားသည်။ ဒါပင်မဲ့ သူ့ရဲ့ရင်ထဲက မီးကိုတော့ တစ်ယောက်သောသူကသာ ငြိမ်းသက်နိုင်လိမ့်မည်။

"Sorryပါမနှင်းရယ်..ကျွန်တော်အတွေးနဲနဲ လွန်သွားတယ်။"ဂုတ်ကို လက်လေးနဲ့ အသာအယာပွတ်ပြီး ပြောတော့ မနှင်းမှာ စိုင်း၏ ခံစားချက်ကို ရိပ်မိသား။

"ရပါတယ် ရှင်....မနှင်းပြောစရာရှိလို့။"
"ဟုတ်..ပြောလေ မနှင်း။"

"နောက်လထဲ မနှင်းတို့ပွဲလုပ်ဖို့ ကောက်ချက်ချထားတယ်။ မြန်မာပြည့်ကဒီဇိုင်နာတွေ koreaမှာသွားပြီး ပညာသင်ဖို့ လူရွေးပွဲလေ။

အဲ့ပွဲအတွက် လူရွေးတာကတော့ မနှင်းတာဝန်ထားပါ။ ပွဲအခမ်းအနားတွေ၊ လာဆုံးဖြတ်ပေးမဲ့ ဒိုင်တွေအတွက် နေထိုင်ဖို့တွေ အစစအရာရာပေါ့ အဲ့တာတော့ စိုင်းမနှင်းကိုတာဝန်ယူပေး။"

"စိတ်ချပါ မနှင်း။ ကျွန်တော်အားလုံးစီစဉ်လိုက်ပါ့မယ်။"
_________

"ငယ်.....ဘာလုပ်နေတာလဲ.... ကိုကို့ကို ခုတလောသိပ်ဂရုမစိုက်ဘူးနော်။"ထယ်ယောင်းကို နောက်ကနေ သိုင်းဖက်ထားပြီး ပုခုံးလေးပေါ်မေးလေးတင်ထားရင်း ချွဲနေသောနှိုင်း။

Can't Lie (Unicode & Zawgyi)Where stories live. Discover now