P-3

2.4K 141 8
                                    

Zaw

ရတုတစ်ယောက်ရှက်ရှက်နဲ့ကျောင်းမတတ်တာတစ်ပတ်ကျော်ပြီ အများအမြင်မှာ ကြာရင်မေ့တတ်ပင်မဲ့ ရတုမှာတော့ ​ဖြည်ဆည်မရတဲ့အရှက်လိုဖြစ်နေသည်။

"ဟူးးးးးစာတွေတော့နောက်မကျလောက်ပါဘူး ထင်တာပဲ စာအုပ်ကောရောင်းပြီလားမသိ ဌာနဆီသွားပြန်ရင်လဲ ငါ့မှတ်မိတဲ့သူရှိရင် ဘယ်လိုလုပ်မလဲ နေပါစေတော့ အခန်းဘက်ပဲသွားတော့မယ်"

ကျောင်းရှေ့၌မတ်တပ်ရပ်ပြီး ဦးတည်ရာမဲ့နေသော လူပမာ ဖြစ်နေသောရတုနှင့် ထိုအဖြစ်အားပြုံး၍ကြည့်နေသောလူရှိယောက် ရှိနေသည်မှာ ရတုတော့မသိရှာပေ။

အခန်းဘက်သို့ဦးတည်သွားရင် လမ်း၌ ရတုဆီလို့ လွင့်လာသော ဘောလုံးတစ်လုံး

လူတစ်ယောက်သည် မိမိဆီသို့ အန္တရယ်မှာထင်မှတ်မထားဘဲ လျှပ်စီးကဲ့သို့ရောက်လာပါက ကြောင်အမ်းအမ်းဖြစ်နေသည်မှာ သဘာဝပင်

ထိုနည်းတူ ရတုမှာလဲ မိမိဆီသို့လွင့်လာသော ဘောလုံးအား မြင်သော်ငြား ရှောင်ဖို့ရန်မေ့နေပြီး မျက်လုံးသာ စုံမှိတ်မိနေသည်။ဘောလုံးမှာ မိမိမျက်နှာပေါ်သို့ ကျရောက်မည်ထင်သော်ငြား အချိန်ကြာသည်ထိရောက်မလာပဲ တစ်ခုခုအားထိသောအသံသာကြားမိသည်။

ရတု မျက်လုံးအစုံဖွင့်ကြည့်လိုက်သောအခါ မိမိထက် ခေါင်းတစ်လုံးကျော်ကျော်ပိုသာသော အသားအရည်ဖြူဖြူ ရှိသည့်လူတစ်ယောက်၏ကျောပြင်

*သူဘယ်သူလဲ ဝန်ခံပေးတါလား*
"ချာတိတ်...အဆင်ပြေလားဘယ်ထိသွားသေးလဲ ပြစမ်းးး"

ထိုလူမှာမိမိ၏ခန္ဓာကိုယ်ကို အားမနာတမ်း ပခုံးအားကိုင်၍ တစ်ကိုယ်လုံးအား လှည့်လည်၍ ကြည့်ရှုနေသည်။
"ရပါတယ်.. ကျွန်တော်ဘာမှမဖြစ်ဘူး အကိုက ဝန်ခံပေးထါးတာပဲ ဘယ်လိုလုပ်ထိတော့မှာလဲ"

"အေးပါကွာ..ငါကမေးကြည့်တာပါ ငါ့ကိုအကိုလို့မခေါ်နဲ့
ငါ့နာမည်က နှိုင်းစေခန့် .....ကိုနှိုင်းလို့ပဲခေါ်လေ"
ပြောရင်းနှင့်နီးကပ်လာသောမျက်နှာအား ရတုမှရှောင်ရင်း နောက်သို့ခြေလှမ်း၂လှမ်းဆုတ်ရင်း
"ဟုတ်...ဟုတ်ကဲ့...ကျွန်တော့်ကိုသွားခွင့်ပြုပါဦး"

Can't Lie (Unicode & Zawgyi)Where stories live. Discover now