P-44 (final)

3.9K 86 8
                                    

Zaw

"ကိုကို... အဆင်ပြေမှာပါနော်။" လက်လေးနှစ်ဖက်ကို ပွတ်ရင်း ခွဲခန်းရှေ့ အငြိမ်မနေပဲ လမ်းလျှောက်နေတယ်။

"ညီ..လာထိုင်တော့။ အဆင်ပြေသွားမှာပါ။ ခွဲမွေးတာပဲ။"
"သူမမွေးရတိုင်း။" နှုတ်ခမ်းလေးဆူပြီး ပြန်ရန်တွေ့နေသော ရတုကို စိုင်းက လက်လှမ်းဆွဲပြီး ဘေးမှာ ထိုက်ခိုင်းလိုက်တယ်။ ဒါတောင်အငြိမ်မနေ ပါးစပ်ထဲမှာ ဘာတွေရွတ်နေမှန်းမသိ။

ခုက လင်းဟာ ခွဲခန်းထဲမှာ။ သမီးလေးမွေးမယ်လို့လဲ သိပြီးပြီးဖြစ်တာကြောင့် စိုင်းကော ရတုကော ပျော်နေကြသည်။ ဘာလို့ဆို သူတို့ဘဝထဲမှာ သားလေးတစ်ယောက်ရှိတယ်။ ခုကိုကို့ရင်သွေးလေးဖြစ်တဲ့ သမီးလေးလဲရှိလာတော့မှာလေ။

တော်ရုံလူက ခုကိစ္စဆို တကယ်လက်မခံချင်ကြတာ သဘာဝပါပဲ။ ခုတော့ ညီက သူ့သားလေးကော ခုလင်းမွေးတဲ့ သမီးလေးကိုကော တူတူချစ်တယ်တဲ့လေ။ ကျွန်တော်တကယ် ကံကောင်းပါတယ်ဗျာ။

ခွဲခန်းထဲက ဆရာဝန် ထွက်လာပြီး ကလေးကော လူကြီးကော အားလုံးကျန်းမာတယ်ဆိုမှ ရတုတစ်ယောက် အရုပ်ကြိုးပြတ် ထိုင်ချလိုက်ပြီး ငိုပါတော့သည်။

"ကိုကိုရယ်... တော်..တော်သေးတယ် အီးးးးး"
"မငိုနဲ့တော့ တိတ်နော်။ ခဏနေရင် ကလေးလေးကို သွားကြည့်ကြမယ်နော်။"

___________________

"မြန်မြန်လာပါဆို... နှေးကွေးနေတာပဲ။" ဆေးရုံထဲသို့ အရေးကြီးသုတ်ပြာနဲ့ ထယ်ယောင်းလေးတစ်ယောက်ပြေးဝင်သွားပြီး ရတုတို့ ရှိရာအခန်းသို့အပြေးလေးဝင်သွားသည်။ နောက်က နှိုင်းကတော့ ခုပဲလေယာဉ်ဆိုက် ခုပဲပြေးနေရတော့ မောနေပင်မဲ့ အသည်းအသန်လိုက်လာခဲ့ရသေး။

အခန်းထဲဝင်သွားတော့ ကလေးလေးအား ချီနေတဲ့ ရတုကိုတွေ့​ရော "sorryပါရတုရယ်.. ငါနောက်ကျသွားတယ်။"

"ရပါတယ်ဟာ ဘယ်လိုဖြစ်လို့လဲ။ ပြေးလာကြတာလား။ ချွေးတွေလဲအများကြီးပဲ လာ.. airconအောက်လာနေ။"

ရတုက ကလေးကိုချီထားပြီး ကုတင်ပေါ်တွင် အိပ်နေတဲ့ လင်းဘေးနားမတ်တပ်ရပ်နေတာကို အခန်းထဲ ဆေးထုတ်ကိုဝင်လာတဲ့ စိုင်းကမြင်ရော
"အဲ့တာသာကြည့်ကြတော့ လက်ထဲက ချကိုမချဘူး။ ကိုတောင်ခဏပဲချီရသေးတယ်။"

Can't Lie (Unicode & Zawgyi)Where stories live. Discover now