P-39

1K 57 2
                                    

Zaw

မြေးအဖွားနှစ်ယောက် စကားအခြေအတင်ပြောနေကြတာကို ကြားထဲက ကြည့်နေသော လင်းကလဲ
"ကိုကြီးစိုင်း ကျွန်တော့်ကိုကော နဲနဲလေးအားမနာဘူးလား။"

စိုင်းအားတည့်တည့်ကြည့်ရင်းပြောလိုက်တယ်။

"မင်းကို ကို အားနာပါတယ်။ ညီနဲ့လဲ ကို အဆင်ပြေအောင်နေချင်တယ်။ သူက ကို ချစ်ရတဲ့ တစ်ဦးတည်းသောသူ အဲ့တာကိုတော့ မင်းသိသင့်တယ်။"

"ဘာမှမပြောကြနဲ့တော့။ စိုင်း မင်း လင်းကိုပဲဂရုစိုက်တော့ ခုသူ့မှာ မင်းနဲ့ရတဲ့ ကိုယ်ဝန်ရှိနေပြီလေ။"ဖွားလဲ အေးရာအေးကြောင်း ဝင်ရှင်းပင်မဲ့ စိုင်းကတော့ ဘယ်ကျေနပ်ပါ့မလဲ။

"မဖြစ်နိုင်ဘူး...လင်းနဲ့က ဘာမှမငြိစွန်းခဲ့ဖူးဘူး။ ပြီးတော့ သူကယောက်ျားလေး။"

"အေးဟုတ်တယ်။ မင်းနဲ့မငြိစွန်းခဲ့ဘူး။ မင်းမှတ်မိလား ပြီးခဲ့တဲ့ အခေါက်တုန်းက ငါဆေးရုံကို ကျန်းမာရေးစစ်ခိုင်းတာလေ။ အဲ့တုန်းက ငါအားလုံး စီစဉ်လိုက်တာ။"

ပြီးခဲ့တဲ့ အချိန်တုန်းက ဖွားသူ့ကို ဆေးစစ်ဖို့ တိုက်တွန်းခဲ့တယ် ဘာလို့လဲမေးတော့ အလုပ်လုပ်နေရတာမို့ ကျန်းမာရေးလဲ ဂရုစိုက်စေချင်လို့တဲ့။ အဲ့တုန်းက ဆီးလဲ သူစစ်ခဲ့တယ်လေ။

"ဖွားက တစ်ကိုယ်ကောင်းသမားပဲ။"
"အေး ဟုတ်တယ် ငါက တစ်ကိုယ်ကောင်းဆန်တယ်။ ငါ့မြေးကို ဒီလိုမျိုး ပြစ်ထားခဲ့တဲ့ သူတစ်ယောက်စီကို အပ်လိုက်ရမှာဆိုးလို့။ ငါမင်းကိစ္စတွေ မသိဘူးများမှတ်နေလား။ မင်းဘယ်ခြေလှမ်း လှမ်းနေလဲ ဆိုတာတောင်ငါသိတယ်။"

ဖွားရဲ့ အတ္တဆန်ဆန်စကားတွေကို ထပ်မကြားချင်တာမို့ စိုင်းလဲ အိမ်ပြင်ပြန်ထွက်ပြီး ကားကိုသာ ဒုန်းဆိုင်းမောင်းလာခဲ့တယ်။ ချစ်ရသူဆီသို့သာ ဦးတည်ပြီးးးးး
_________________

Hotel ခန်းထဲတွင် မီးများအားလုံးပိတ်ထားပြီး ကုတင်ပေါ်တွင် တစ်ချက်တစ်ချက် ရှိုက်သံလေးထွက်လာသော သူတစ်ဦး စောင်ခြုံ၍ ငိုနေတယ်။

~တီ..တီ...~
Bellအသံကြားတာ​ကြောင့် စိတ်ရှုပ်သွားဟန်တူသော ရတုမှာ စောင်ထဲကထွက်ပြီး ငိုထားတာများမသိသာအောင် မျက်ရည်တွေကို အတင်းပွတ်သုတ်မိတယ်။

Can't Lie (Unicode & Zawgyi)Where stories live. Discover now