P-26

964 59 0
                                    

Zaw

ညက အရက်မူးတဲ့ အရှိန်နဲ့ ဘာတွေဖြစ်သွားလဲဆိုတာ ရေရေရာရာ မမှတ်မိသော ဟိန်း။ အိမ်အောက်ထပ်ကို ခေါင်းမူးမူးနဲ့ ဆင်းလာသည်။

"အော်...ရှင်နိုးပြီလား။ ရော့ ကျွန်မ သံပုရာရေ ချဉ်ချဉ်လေးဖျော်ထားတယ်။ အမူးပြေအောင်သောက်လိုက်နော်။"

သံပုရာရေခွက်လေးအား လှမ်းယူလိုက်ပြီး တစ်ကြိုက်ထဲ မော့သောက်လိုက်သည်။
"ကျေးဇူးပဲ..ပြီးတော့....ငါမနက်မိုးလင်းတော့ ငါ့ကိုယ်ပေါ်မှာ အဝတ်အစားတွေမရှိဘူး...
ငါမူးနေလို့ သေချာမမှတ်မိဘူး....
အခြေအနေကိုတော့ ငါနဲနဲ သဘောပေါက်တယ်။
အဲ့တာမင်းစီက အတည်ပြုချင်လို့။"

ချက်လက်စ ဟင်းလေးအား မီးခလုတ်ပိတ်ပြီး ဟိန်းရှေ့ကခုံမှာဝင်ထိုင်လိုက်သည်။
"ရှင်လဲ သိနေမှတော့ ကျွန်မမငြင်းပါဘူး။ ပြီးတော့ ရှင်နဲ့ကျွန်မက လက်ထပ်ထားတာဆိုတော့ ကျွန်မကိစ္စမရှိပါဘူး။"

"အင်းပါ...ငါသဘောပေါက်ပါတယ်။ ပြီးတော့ ငါဖြစ်သမျှလဲတာဝန်ယူမှာမို့ မင်းစိတ်ပူစရာတွေမရှိစေရဘူး။

ခုတော့...ငါအလုပ်သွားရမှာမို့ ရေချိုးတော့မယ်။"

ဟိန်းအပေါ်တတ်သွားမှ
"ကျွန်မရှင့်ကို ယုံတယ်။ ရှင်ကဘယ်တော့မှ ကျွန်မကို ပြစ်မထားဘူးဆိုတာ။"

____________________

"ကိုကို..."
နိုးနိုးချင်း မျက်လုံးတောင်မဖွင့်သေးပဲ နှိုင်းကိုတနေတော့ ကုတင်ဘေး စာကြည့်ခုံမှာထိုင်ပြီး Laptop နှိပ်နေတဲ့နှိုင်းက ပြုံးမိသည်။

"အင်းးကိုကိုဘေးမှာရှိတယ်။ design ဆွဲလက်စလေးတွေ လက်စသတ်နေလို့။"

"ဝါးးးးးကိုကို ဗိုက်မဆာဘူးလား။"
"ငယ် ဆာပြီလား။ အဲ့တာဆိုလဲ မျက်နှာသွားသစ် ပြီးရင်အောက်ဆင်းပြီး စားမယ်လေ။"

ကုတင်ပေါ်မှ အိပ်မှုန်ဆုံဖွားနှင့် ထသွားပြီး ရေချိုးခန်းထဲတန်းဝင်သွားသည်။ ရေချိုးခန်းဝင်လက်စနဲ့ ထယ်ယောင်း တစ်ခါထဲရေချိုးလိုက်တာမို့ ပြန်ထွက်လာတော့ ခေါင်းက​ရေစိုနေတာ နှိုင်းကမြင်ပြီး

"ကဲ...လုပ်ပြန်ပြီလား။ လာ ကိုကိုခေါင်းသုတ်ပေးမယ်။"
လက်ကသပတ်ကိုင်ထားရင် လက်ယက်ခေါ်လိုက်တော့ ဘေးနားသို့ အပြေးလာသော ထယ်ယောင်းလေးအား နှိုင်း morning kissဖြင့် ပါးလေးအား ဆုချလိုက်သည်။

Can't Lie (Unicode & Zawgyi)Where stories live. Discover now