P-19

1.1K 67 2
                                    

Zaw

{လွဲဖို့ဆုံတာ}
ဆုံလဲ ဆုံလွန်းတယ်။
လွဲလဲ လွဲနိုင်လွန်းတယ်။

မဆုံစေချင်တာများ
အစကတည်းက လွဲလည်းရတာကို
ကံကြမ္မာကလည်း တစ်မျိုးရိုင်းတယ်ဗျာ။

ရေစက်တို့ ဖူးစာတို့ဆိုတာ
ကျွန်တော့်အတွက် လွဲဖို့သပ်သပ်
ဖြစ်တည်လာကြတဲ့အရာ။

ချစ်ခြင်း မေတ္တာဟာ
ကျွန်တော်နဲ့မှ မဆိုင်တာ
ဈာန်ဧလွဏ်းပြည့်
နှိုင်းစေခန့်

ရတုကိုတွေ့ချင်သော်လဲ မိမိအပြစ်နဲ့မိမိမို့ သူ့စကားသာ နားထောင်လိုက်တယ်။*တကယ်တမ်းဆို သူ့ကိုနာကျင်စေလို့ ကျွန်တော်လုပ်တာ မဟုတ်ပါဘူး။ ကျွန်တော်ဆုံးရှုံးရမှာကြောက်လို့ပါ ခုတော့ သူ့ကိုကျွန်တော်တွေ့ ဖို့ ကြိုးစားလိုက်တိုင်း သူ့ရဲ့ချစ်သူ စိုင်းနဲ့သာတွေ့ပြီး ပြန်နေခဲ့ရတာ ခုတော့ ကျွန်တော်လက်လျှော့လိုက်ပါပြီ။ သူ့ကိုစိတ်ချမ်းသာစေချင်တယ်လေ ကျွန်တော်လဲ ခုဒီမှာမနေတော့ဘူး ကျွန်တော်အပြစ်နဲ့မို့ အဝေးကိုသာ ထွက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။

ခတ်တာက ထွက်သွားဖို့ကို ဝန်လေးနေမိတယ်။ရပါတယ်ဗျာကျွန်တော်စိတ်ကိုကျွန်တော်နိုင်အောင်ပဲထိန်းရတာပေါ့*

"ကိုကို...လာလေ အချိန်လဲနီးနေပြီ"ထယ်ယောင်း အသံကြားလို့ တွေးလက်စအတွေးများအား ဖယ်ထုတ်ပြီး သူ့ဆီကိုသာ သွားခဲ့သည်။

*ကျွန်တော် ဆုံးဖြတ်ချက် ကမှန်ပါတယ်။ ခုကျွန်တော် ထယ်ယောင်းတို့ဆီကို လိုက်သွားပြီ ဟိုမှာပဲ အခြေချပြီး အလုပ်လေးတစ်ခုကို လုပ်တော့မယ်။ အချစ်ဆိုတာကိုတော့ ကျွန်တော်မတွေးချင်ဘူးလို့ပြောရင် လိမ်ရာကျမလား။ ခုကျွန်တော်တွေ့ချင်တဲ့အချစ်ကတော့ ကျွန်တော်နဲ့ မလွဲမဲ့အချစ်မျိုးပဲ တမ်းတမိတယ်။*

______________________________

"ညီ....လာလေ ထမင်းစားရအောင် အောက်မှာ မနှင်းစောင့်နေတယ်"
ရတုက လက်ထဲကဖတ်လက်စစာအုပ်လေးအား ဘေးသို့ချပြီး ဝန်ရံတာရှိ ခုံပေါ်ကနေ ထလာတယ်။

"ကိုကို....ညီလေ မနက်ဖြန်မေမေနဲ့တွေ့ချင်တယ်။ လိုက်ပို့ပေးပါနော်"
ဟုတ်တာပေါ့ စိုင်း ဟိုကိစ္စဖြစ်ပြီးထဲက ရတုကို အိမ်မှာပဲခေါ်ထားပြီး မျက်စိအောက်ကအပျောက်မခံ ဖြစ်နေတယ်။

Can't Lie (Unicode & Zawgyi)Where stories live. Discover now