P-35

1K 63 4
                                    

Zaw

"ဟုတ်ကဲ့ မနက်ဖြန်ပြင်ဆင်ပြီး ထွက်ခဲ့ပါ့မယ်။"
📱.....📱
"ဟုတ်ကဲ့..."

လင်းတစ်ယောက်ph ချလိုက်၍ ဝရန်တာဘက်သို့ထွက်ပြီး ညအလင်းရောင်၏ အလှကို တွေတွေငေးကြည့်နေမိသည်။

*ငါမမှားပါဘူး။ ကိုကြီးစိုင်းကို လက်လွှတ်မခံနိုင်ဘူး။ ငါဒီလိုလုပ်ရမှာပဲ။ ငါ့အသက်ဆုံးရင်ဆုံးပါစေ။ ကိုကြီးစိုင်းကိုတော့ ရတုလက်ထဲ ပြန်မထည့်နိုင်ဘူး။ ကိုကြီးစိုင်းက ငါ့အပိုင်ပဲ။

ဟိုကလေးလေးကလဲ ခုထိမပြန်နိုင်သေးဘူး။ ဘယ်နှစ်ရက်နေနေမှာလဲ။ သူနဲ့ ကိုကြီးစိုင်း သံယောဇဉ်တွယ်လို့မဖြစ်ဘူး။ မဟုတ်ရင် ကိုကြီးစိုင်း ပြန်ပါသွားလိမ့်မယ်။ ငါဘာလုပ်ရမလဲ အဲ့ကလေးကို....*

'ဒေါက်..ဒေါက်'
"ဝင်ခဲ့ပါ..."

အခန်းထဲသို့ ဝင်လာသောစိုင်အား လင်းမျက်မှောင်ကျုံ၍ ကြည့်မိသည်။
"ကိုကြီးစိုင်းရယ်...ဒီအခန်းကလဲ ကို့အပိုင်ပဲဟာ...ဘာလို့တံခါးတွေဘာတွေ ခေါက်နေသေးတာလဲ။"

လင်း၏ အသံက အလိုမကျသော အသံဖြစ်တာကို စိုင်းလဲ ရိတ်မိသည်။
"မဟုတ်ပါဘူး...အကိုက လေးစားသမှုနဲ့ပါ။ ပြီးတော့ ရမ်းဝင်လာရင်လဲ လင်းလန့်သွားမှာဆိုးလို့။"

*ဒါစိတ်ပူတာလား..ပျော်ရမှာလား..မျှော်လင့်ချက်ပေးနေတာလား*
"ထားပါတော့..ဘာကိစ္စ"

"သြော်...အကိုအလုပ်လုပ်မို့ Laptop လာယူတာ"
"အင်း...ဟိုဘက်အခန်းမှာပဲ အိပ်မှာပေ့။"

"အင်းဟုတ်တယ်..Danielတစ်ယောက်ထဲကြောက်နေမှာဆိုးလို့။"
လင်းမှာတော့ ခေါင်းတငြိမ့်ငြိမ့်၍သာ ရင်နာနာနဲ့ ခွင့်ပြုပေးလိုက်ရသည်။ မှားလို့ ခွင့်မပြုဘူးလို့ ပြောရအောင်လဲ ဆိုင်ပဲဆိုင်တာလေ ပိုင်သူမှမဟုတ်တာ။

စိုင်းလဲ laptop ကိုယူပြီး daniel လေးဆီ အပြေးသွားရတော့သည်။
"ဦးကလဲ ကြာလိုက်တာ..."
"Sorryကွာ..ကဲ..ဘာစားချင်လို့လဲ။"

Daniel လေးနဲ့နေတာ တစ်ရက်ကြာသာရှိသေးပင်မဲ့ ကလေးအကြောင်းဆို စိုင်းကရိတ်မိနေပြီလေ.....
__________________
"ကဲ..ဒီနေ့တော့ ပြန်လာတော့။ danielနော်စည်းကမ်းတွေပျက်နေပြီ။"
📱ဖီဖီကလဲ ခုလဲလာမို့ပြင်ဆင်နေပါပြီ စိတ်ကြီးပဲ။📱

Can't Lie (Unicode & Zawgyi)Waar verhalen tot leven komen. Ontdek het nu