P-41

1.2K 60 32
                                    

Zaw

ရတုရဲ့စကားက မှန်ကြောင်း လင်းတကယ်စဉ်းစားမိသည်။ မိမိ အတ္တကို ရှေ့တန်းတင်ရင် ကလေးကြီးလာလို့ လူအများ ဝိုင်း လက်ညှိုးထိုးခံရမှာ။

လက်ထဲက ဓားလေးလွတ်ကျသွားပြီး လင်းလဲ ထိုနေရာတွင်သာ ငူငူလေးထိုင်နေမိသည်။
အချိန်ကောင်းမို့ စိုင်းလဲ အမြန်ပြေးပြီး Danielလေးကို ကြိုးဖြည်ပေးပြီး ရင်ခွင်ထဲ ထည့်ဖွတ်ထားမိလိုက်သည်။

ရဲတွေက လင်းကိုလဲ တစ်ခါထဲ ဖမ်းသွားသည်။
ခုကတော့ Danielကို နှိုင်းနဲ့ ထယ်ယောင်းလေးက ခေါ်ပြီး အိမ်ပြန်နှင့်လိုက်သည်။

ဒီမှာတော့ ရတုနဲ့ စိုင်းနှစ်ယောက်ထဲသာရှိတော့တယ်။ ရှင်းရဦးမယ်လေ ဘယ်လိုလုပ် ဒီလူသားလေးကို ပြန်လွှတ်လို့ဖြစ်မှာလဲ။

"ကဲပြောပါဦး..."ရတုပုခုံးလေးကို လက်နှစ်ဖက်နဲ့အသာအယာကိုင်ပြီးမေးတော့ မျက်နှာလေးက စိုင်းကိုမော့ကြည့်လာတယ်။

"ဟုတ်တယ်။ Danielလေးက ခင်ဗျားကြီးကလေးပဲ..."
ဆိုပြီး နှာတစ်ရှုံ့ရှုံ့နဲ့ အားလုံးကိုပြောပြလို့တော့သည်။

ပြောရင်းမထင်ရင်မထင်သလို ကျလာတဲ့ မျက်ရည်ကြောင့် စိုင်းလဲ အလိုက်တသိနဲ့သုတ်ပေးရှာတယ်။
"ညီအရမ်းပင်ပန်းနေမှာပေါ့။ အဲ့တာ ကိုကိုကြောင့်ပါ။ ခုချိန်ကစပြီး ညီဘာမှမတွေးနဲ့တော့နော်။ ညီလုပ်နေတဲ့ Designerအလုပ်ကိုလဲ ဆက်ပြီးလုပ်.... ဒါပင်မဲ့ ဟိုကိုတော့ မပြန်ရတော့ဘူးနော်။"

"အင်းပါ...စိတ်ချ...ခင်ဗျားကြီးသဘော။"
"နေ..နေဦး အဲ့တာလဲပြောရဦးမယ်။ ဘယ့်နှယ် ဘာလဲ ခင်ဗျားကြီး အရင်လိုပြန်ခေါ် 'ကိုကို'လို့"

"တော်ပါ..ကလေးကလားနဲ့။"
"ဘာကလေးကလားလဲ အရင်ကကျခေါ်ပြီး" စိုင်းက နှုတ်အခမ်းလေး ဆူပြီးပြောလာတော့ ရတုတကယ်အံ့သြမိသည်။

"အဲ့နှုတ်ခမ်းက ဘာဖြစ်တာလဲ။"
"ညီက ကိုကို လို့ခေါ်တာမကြားရလို့ဖြစ်တာ။"

ရတုလဲ ရီချင်စိတ် မနည်းထိန်းပြီး
"ကိုကို...ကိုကိုရေ..."

ရတုရဲ့ ကိုကို ဆိုတဲ့အသံကြောင့် စိုင်းမျက်နှာက မျောက်အုန်းသီးရပမာ ပျော်ရွှင်နေပြီး
"ချစ်လိုက်တာညီရာ မွ.မွ..မွ..မွ"

Can't Lie (Unicode & Zawgyi)Where stories live. Discover now