P-6

1.6K 106 6
                                    

Zaw

ကောင်းကင်တွင်အပြစ်ကင်းစင်ပြီး တိမ်များမှာအုံမှိုင်းခြင်းမရှိ နေ၏အလင်းရောင်မှာတောက်ပနေသည်။
သိုသော်နှိုင်း၏ ရင်တွင်တော့ မိမိတန်ဖိုးထားချစ်၍ လိုအပ်သောကောင်လေးအား တပါးသူလက်ထဲအပါမခံနိုင်သည်က တစ်ကြောင်း ထိုလုယူမည့်ဟုထင်မှတ်သည့်လူမှာ မိမိ၏ ကမ္ဘာ့ရန်ဘက်ဖြစ်သည်က တစ်ကြောင်းပူလောင်နေသော မိမိရင်အား ထိန်း၍ နေရသည်။

*ချာတိတ်က ငါ့အပိုင်ပဲ ဖြစ်ရမယ် ချာတိတ်ကငါ့ကိုပဲချစ်ရမယ်*

ထိုအချိန်အိမ်ထဲသို့ကားအဖြူတစ်စီး မောင်းနှင်၍ဝင်လာသည်။ကားပေါ်မှဆင်းလာသူသည် နှိုင်းနှင့်ဆန့်ကျင်ဘက် ပျော်စရာအငွေ့အသက်များ ရင်ခုန်ချင်းများစွာဖြင့် ဆင်းလာသော စိုင်းဖြစ်သည်။

ကားသံကြား၍ပြေးထွက်လာသော မနှင်း
"စိုင်းရေ အိမ်မှာဘယ်သူရောက်နေတယ်လို့ထင်လဲ မှန်းကြည့်စမ်း.....
လုံးဝအံသြသွားမှာနော်"

"ဘယ်သူမို့လို့လဲမနှင်းရဲ့"

"နှိုင်းလေ နှိုင်းပေါ့ သူရောက်နေတယ်လေ"
နှင်းမှာပျော်ရွှင်စွာနဲ့ပြောသော်ငြား
စိုင်း၏ ရင်းထဲတွင် စောနကပျော်ခဲ့သည်များတောင်ပျောက်သွားသည်။

"သူကဘယ်တုန်းက လာဖူးလို့လဲ
ခုဘာလာလုပ်တာလဲ"

ထိုစဉ်အိမ်ပေါ်ထက်မှ လှေကားဖြင့်တည်ငြိမ်စွာဆင်းလာသော နှိုင်းမှ
"မတွေ့ရတာကြာလို့ပါ မနှင်းကို...
ဘာလဲလာလို့မရဘူးလား...ဒီအိမ်ကငါ့အဖေအိမ်ဖြစ်လို့
ငါလာတာမင်းငြင်းလို့ရလို့လား"

စစ်ဖြစ်တော့မည့်အလား တင်းမာနေသော နှစ်ယောက်လုံးကို ရိပ်မိသော နှင်းတစ်ယောက်ဒီထက်ပိုမဖြစ်စေဖို့ ဖြေလျော့ရန် စကားဖြတ်၍ပြောရတော့သည်။

"တော်ကြတော့....
စိုင်း ခုမှပြန်ရောက်တာ သွားရေသွားချိုး ပြီးရင်ထမင်းလာဆင်းစား မနှင်းတို့စောင့်နေမယ်....
နှိုင်းကဆင်းလာပြီဆိုတော့ မနှင်းနဲ့လာဝိုင်းကူလှည့်... "

ထိုအခါမှ အလျှိုလျှိုရန်ဖြစ်ရန် တုန့်စိုင်းသွားသည်။

Can't Lie (Unicode & Zawgyi)Where stories live. Discover now