P-4

2.1K 130 5
                                    

Zaw

အချစ်က လူတစ်ယောက်ကိုပြောင်းလဲစေတယ်လို့ပဲ ပြောရမလား အချစ်ကြောင့် နှလုံးသားပြောင်းလဲတယ်လို့ပဲဆိုရမလားခတ်ခဲနေတယ်

စိုင်းအတွက်တော့ မိဘတွေမရှိတော့တဲ့နောက်ပိုင်း အမဖြစ်သူကပဲ လုပ်ငန်းတွေဦးဆောင်ပြီး မောင်အတွက်လိုအပ်သော မေတ္တာတွေ အပြည့်အဝ ပေးခဲ့သည်။

ထိုကောင်လေးနှင့်မတွေ့ချိန် အထိတော့အမပေးသော ၅၂၈မေတ္တာမှာမိမိအတွက်လုံလောက်သည်။

အောင်မြင်ကျော်ကြားခြင်း လူကြိုက်များခြင်း ထိုအရာများသည် စိုင်းအတွက်မလိုအပ်ပေ။ ထိုသို့ဖြစ်နေခြင်းသည် စိုင်းအတွက်စိတ်ရှုပ်စရာ ကောင်းသည် တာတော့ အမှန်ပေ။

စိုင်းတစ်ယောက်မနက်တိုင်း ကျောင်းရှေ့တွင်စောင့်နေတတ်တာ အကျင့်တစ်ခုလို့ပဲဖြစ်နေသည်။
ပြောင်းလဲသွားသော စိုင်းအား သူငယ်ချင်းနှစ်ယောက်မှလဲ အံသြနေကြသည်။

ယခင်နေ့များကဲ့သို့ ယနေ့တွင်စိုင်းတစ်ယောက် ကျောင်းရှေ့တွင်စောင်နေမိပြန်သည်။

*ဟိုကောင်လေးကျောင်းလဲမလာဘူး အဆင်မှပြေရဲ့လား စာအုပ်ရောဝယ်ပြီးရဲ့လား *

မိမိအတွေးများပင် မဆုံးသေးတွေ့ပါပြီ ဖြူဖြူကောင်လေး အင်္ကျီအဖြူလက်ရှည် ပုဆိုးရှည်လေး ခေါင်းမှဆံပင်မီးခိုးရောင်ကောင်လေး လေတိုက်တိုင်းလွင့်သွား​ဈ​​သောဆံပင်လေးများက စိုင်းအတွက်ရင်ခုန်စရာပင်။

မိမိမျက်နှာတွင်အပြုံးပန်းများပွင့်လန်းလာခဲ့သည်တောင် သတိမထားမိပေ။
ထိုကောင်လေးအားနှုတ်ဆက်ချင်သည်
မိမိနှလုံးသားမှာသူဆီသွား ရန်ဆန္ဒရှိသော်ငြား အမိန့်မနာခံသောခြေထောက်များမှ လေးလံ၍ မသွားနိုင်ပဲ ထိုနေရာ၌သာပြုံး၍ ကြည့်နေမိသည်။

ကောင်းလေးကျောင်းထဲဝင်သွားသည့်တိုင်တောင် အနောက်မှနေ၍လိုက်စောင့်ရှောက်သိအလား လိုက်နေမိသည်မှာအမှန်။

သို့ပင်မဲ့မိမိမထင်မှတ်ထားသောအရာ သည်မိမိရှေ့ကောင်လေးဆီ၌ဖြစ်ပေါ်လာသည်။ သူ့ဆီသို့ဘောလုံးတစ်လုံး လွင့်လာသည်။မိမိသည် ကောင်လေးထိခိုက်မည်ဆိုး၍ ဝင်ကာပေးရန် ပြေးသွားသော်ငြား အခါနှောင်းနေနှင့်ပြီ။

Can't Lie (Unicode & Zawgyi)Where stories live. Discover now