p-24

951 60 2
                                    

Zaw

ပွဲက ပြန်လာပြီးပြီးချင်း ဇနီးကို အိမ်ပြန်ပို့ပြီး Clubသို့ ပြန်ထွက်လာခဲ့သည်။ မီးရောင်စုံတွေကြားမှာ မိန်းမပျိုလေးတွေနဲ့ sexyကျကျ လှလှပပ ဝတ်ထားပြီး အတိုအပြတ်တွေနဲ့ မြင်ရသူတို့ ရင်ကို လှိုက်ဖိုစေသည်။

အဲ့အထဲ ဟိန်းမပါတာကတော့ သေချာတယ်။

မိမိစိတ်တွေမီးလိုပူပြီး လောင်မြိုက်နေတာတော့အမှန်။ သူကကော မိမိလိုပဲ မိမိမင်္ဂလာဆောင်သတင်းကြားပြီး ဖြစ်ခဲ့မှာပဲ။ ကိုယ်ချင်းစာတယ်။ မိမိလဲ အဲ့အချိန်တုန်းက ပူလောင်ခဲ့တာပါပဲ။

ဝဠ်လည်တာလား။ ခုကျွန်တော်ပြန်ခံစားနေရပြီလေ။
Club မှာထိုင်ပြီး အပြင်းစားအရက်တွေကို တစ်ခွက်ပြီးတစ်ခွက်မော့နေသည်။

ဒဏ်ရာတွေပျောက်လိုပျောက်ငြား တစ်ခွက်ပြီးတစ်ခွက် မော့သောက်နေပင်မဲ့ အတွေးထဲကကော နှလုံးသားထဲကကော ဒီကိစ္စတွေက ထွက်မသွားပေ။ နောက်ဆုံးယိုင်နဲနဲ နဲ့ပဲ အငှားကားမောင်းသူကို ခေါ်ပြီး အိမ်ကို ပြန်လာခဲ့ သည်။

ထိုင်ဝင်းကတော့ ရောက်ရောက်ချင်း အပြေးတံခါးဖွင့်ပေးသည်။
"ဆရာတော်တော်မူးနေပြီပဲ...ကျွန်တော်လိုက်ပို့ပေးပါ့မယ်"

ကားပေါ်ကတောင် ယိုင်ထိုးစွာဆင်းလာသော ဟိန်းကို တွဲပေးမယ်ဆိုတော့လဲ ပုတ်ထုတ်နေတယ်။

အောက်ထပ်က ကားသံကြားလို့ပြေးဆင်းလာသော မိမိမိန်းမကိုတောင် လူမှားရတယ်။
"ကိုထိုက်...ရတယ် ကျွန်မ ကူတွဲပေးပြီး လိုက်ပို့လိုက်မယ်နော်.."

"ဆရာကတော် တစ်ယောက်ထဲ အဆင်ပြေလို့လား။"
"ရတယ်...ကိုထိုက် ခြံတံခါးတွေ သေချာပိတ်လိုက်တော့နော်"

မနိုင်မနင်းအပေါ်သို့တင်လာပြီး ဟိန်းအခန်းထဲသို့ ပို့ပေးတယ်။ မထင်မှတ်ထားတာကတော့..........

ဟိန်းကလူမှားပြီလေ။ မိမိချစ်သူကောင်မလေးပေါ့......

__________________

"ကိုကို....ငယ်ဒီမှာ...." အပြင်ဘက်ကနေ ခုံဆွခုံဆွနဲ့ လက်လှမ်းပြနေသော ထယ်ယောင်းလေးအား နှိုင်းမှ ပြန်၍ လက်ပြလိုက်သည်။

Can't Lie (Unicode & Zawgyi)Nơi câu chuyện tồn tại. Hãy khám phá bây giờ