P-7

1.5K 106 8
                                    

Zaw

အချစ်အတွက်အသက်စွန့်သောသူများမှာ ရာဇဝင်ထဲတွင်ရှိသလို မိမိချစ်ရသူပျော်ရွှင်ရန်မိမိသည် အဝေးသို့ထွက်သွားပေးသော ပေးဆပ်ခြင်းမျိုးအချစ်သည်လဲ လေးနပ်သောအချစ်စစ်ပင်ဖြစ်သည်။

မနေ့က majorမှဆရာမသည် လူရွေးတဲ့ထဲတွင်ပါသောသူများ မနက်ဖြန်ကျောင်းစောစောလာရန် မှာကြားခဲ့သောကြောင့် ရတုတစ်ယောက်ကျောင်းကိုစောစောထွက်လာ၍ ဌာန၌လူစုရန်စောင့်နေသည်။

နာရီဝက်ခန့်ကြာသော် လူများလဲစုံနေပြီဖြစ်၍ ဆရာမမှ
"အားလုံးဆရာမနောက်ကလိုက်ခဲ့"

ဆရာမမှဦးဆောင်ပြီး main ထဲရှိ အခန်းကျယ်တစ်ခန်းသို့ခေါ်ဆောင်သွားလေသည်။
အခန်းက အရမ်းမကျယ်သလိုအရမ်းလဲမကျဉ်းပေ။

ရတုမှာထိုအခန်းထဲသို့ ဝင်ဝင်ချင်း မိမိတို့အား ကျောပေးထိုင်နေသည်လူတစ်ယောက်အားတွေ့လေသည်။
ထိုလူသည်အနောက်မှကြည့်ယုံမျှဖြင့် ဘယ်လောက်ဂုဏ်ဝင့်ထည်၍ မျက်နှာမှာချောမောမည်ဟု ခန့်မှန်းနိုင်လေသည်။

ထိုလူလှည့်လာပြီးမိမိတို့အားပြုံးရယ်ပြသည်။ရတုတစ်ယောက်မှင်သက်သွားသည်၊
*စိုင်း....ကိုစိုင်းပါလား*

စိုင်းမှာအမြဲလိုလို ဘောင်းဘီရှည်နဲ့ shirt အင်္ကျီကိုဝတ်ဆင်တတ်သည်။သို့​သော်ယနေ့မှာတော့ ပုဆိုးအစိမ်းကွက်အရှည်ကိုသပ်ရပ်စွာ ဝတ်ထားပြီး အင်္ကျီအဖြူကိုလည်း လက်တစ်ဝက်မျှခေါက်တင်ထားပြီး ​သေသပ်စွာဝတ်ဆင်ထားလေသည်။

ရတုအတွက်ထိုမြင်ကွင်းမှာ အံ့သြရုံသာမက နှစ်ကြိုက်သည်ဆိုပို၍ပင်မှန်မယ်။
ရတုသာမက အခန်းထဲသို့ဝင်လာသော မိန်းကလေးများအားလုံးသာမက ယောက်ျားလေးတစ်ချို့မှာလဲ အံ့သြ၍အကြည့်မလွှဲနိုင်ဖြစ်သွားကြသည်။

ထိုစဉ်ဆရာမမှ
"ကဲအားလုံးပဲမင်းတို့ကိုလေ့ကျင့်ပေးပြီး လူ၁၀ယောက်ကိုဟောဒီက မင်းတို့စီနီယာကရွေးပေးလိမ့်မယ် အားလုံးသူ့စကားနားထောင်ကြနော်။
ကဲသား..ဆရာမသွားတော့မယ် သူတို့ကိုအပ်ခဲ့ပြီနော်"

"ဟုတ်ကဲ့ဆရာမစိတ်ချပါ"

ဆရာမအခန်းထဲကထွက်သွားပြီး တံခါးပိတ်သံကြားတော့မှ စိုင်းသည်မိမိတာဝန်စ၍ထမ်းဆောင်ရန်စကားဆိုလိုက်သည်။

Can't Lie (Unicode & Zawgyi)Donde viven las historias. Descúbrelo ahora