P-37

1K 60 4
                                    

Zaw

လူက နောက်ကျိကျိမို့ ခေါင်းပါတစ်ခါထဲလျှော်ခဲ့မိသည်။ ရေချိုးခန်းထဲမှလဲ ထွက်လာရော တစ်ခန်းလုံးလဲ မှောင်နေတော့ နှိုင်းနဲနဲတော့ စိုးရိမ်မိတယ်။

"ငယ်...ငယ်ရေ.....ငယ် ကိုကို့ကို မနောက်နဲ့နော်။"
^ဖလပ်^

ကုတင်နားက မှိန်ပျပျမီးလုံးလေးက ပွင့်သွားတယ်။ တွေ့ပြီ မိမိချစ်ရသူ ကုတင်ပေါ်တွင် bathrobe လေးကိုဝတ်ပြီး မိမိဘက်ကိုမျက်နှာမူလျက် လက်လေးအကူနဲ့ ခေါင်းလေးကို ထောက်ပြီး လှဲနေသည်။

မျက်လုံးများမှာလဲ မိမိကိုညှို့ယူနေသည့်အလား ဆွဲဆောင်လွန်းလေသည်။ bathrobe လေးပဲဝတ်ထားတာမို့ လစ်ဟာနေသော ရင်ဖက်ဖွေးဖွေးလေးတွေကြောင့် ချစ်ရသူရဲ့ မူပိုင် ချယ်ရီသီးလေးကို မပေါ်တပေါ်တွေ့နေရသည်။

အောက်ပိုင်းမှာလေး ညာခြေပေါ် ဘယ်ခြေထပ်၍ လိမ်ထားထားကြောင့် ဖြူဖွေးနေသော ပေါင်တံလေးတွေကို တွေ့နေရသေးသည်။

^ဂလု..ဂလု..^
ဘယ်နှစ်ကြိမ်မှန်းတောင်မသိ သတွေးတွေမြိုချနေမိသေးတယ်။

"အဲ့ဒီမှာပဲ ရပ်နေတော့မှာလား။"
တော်တော်ကြာ ရပ်ကြည့်နေသော နှိုင်းအား ထယ်ယောင်း စိတ်မကြည်တော့။ ဘယ်နှယ် အဲ့လိုပဲ တစ်ညလုံးကြည့်နေမယ်ထင်တယ်။

"လူကဒီလိုတောင် အကောင်လိုက်ပြနေတာတောင် မသိတာလား။ "
"မ..မဟုတ်ပါဘူး။ ကိုကို ငယ့်အလှမှာ ပျော်ဝင်သွားတာပါ။"

"အမလေးတတ်တယ်နော်။"နှုတ်ခမ်းလေးဆူသွားသော ထိုလူသားလေးအား နှိုင်းမချစ်ပဲ နေမလား။

တဖြည်းဖြည်း နှိုင်းကုတင်ပေါ်သို့တတ်လာပြီး မထိတွေ့ရကြာပြီဖြစ်တဲ့ ထယ်ယောင်းလေးအား တင်းကြပ်စွာဖက်လိုက်သည်။

လွမ်းနေသော ထိုအနံ့လေးအား တဝကြီးရှူရှိုက်နေမိနေပြန်သည်။ ထယ်ယောင်းမေးလေးအား အသာအယာကိုင်လိုက်ပြီး နှိုင်းနှင့်မျက်နှာချင်းဆိုင်ဖြစ်အောင်ထားလိုက်သည်။

"ချစ်တယ်ကိုကို။"
"ချစ်တယ်ငယ်။" နှုတ်ခမ်းသားနှစ်စုံ ထပ်တူကျလိုက်ပြီး အချစ်များပြည့်နှပ်နေသည့် ချိုမြိန်သော အနမ်းလေးများအားဖလှယ်နေတယ်။

Can't Lie (Unicode & Zawgyi)Where stories live. Discover now