P-22

1K 68 0
                                    

Zaw

မယူရသေးတဲ့ သူတွေက တစ်ယောက်နဲ့တစ်ယောက် မပိုင်သေးဘူးလေ။ အဲ့တော့ ကျွန်တော့်မှာ ကိုကြီးကို ချစ်ဖို့ ရယူဖို့ အခွင့်အရေး ရှိတယ်မှတ်လား။ ရယူလိုက်ရင်ရော ကျွန်တော်မလွန်ပါဘူးနော်။ သူတို့က ယူမှမယူကြသေးတာ။

ရုံးရှိ နေရာတော်တော်များများအား လိုက်ကြည့်ပြီး ရုံးခန်းသို့ပြန်လာသောရတုအားစိုင်းမှ
"ကဲ...ကိုကို့ရဲ့ ညီ နေရာမှစုံရဲ့လား။ ရော့... Bubble Tea ညီကြိုက်တယ်မှတ်လား။ ကိုကိုကြိုဝယ်ထားတာ။"

တစ်ရုံးလုံးကို ပတ်ကြည့်ခဲ့ရပင်မဲ့ မိမိဝါသနာပါသော designနှင့်ပတ်သက်တာတွေဖြစ်လို့ အလွန်ပျော်နေသောရတုမှ

"အားးးချစ်လိုက်တာ ကိုကိုရာ၊ ကိုကိုက အရမ်းအလိုက်သိတာပဲနော်။ အဲ့တာတွေကြောင့်ညီကပိုချစ်နေတာ"

ပြောရင်းရတု စိုင်းအားပြေးဖတ်လိုက်ပြီး ပါးအားခြေဖျားလေးထောက်ကာ လှမ်းနမ်းလိုက်တယ်။ တံခါးအဝတွင်ရပ်နေသော လင်းသူရကိုတော့ မေ့နေကြတာပေါ့။

လင်းသူရက နောက်ဆုံးတော့ အလိုက်တသိနဲ့ပဲ ထွက်သွားပေးလိုက်တယ်။ ရင်ထဲမှာတော့ ဝုန်းတိုင်းကျဲပေါ့။

သိပ်ချစ်ရတဲ့မိမိ၏ ချစ်သူက မိမိမဟုတ်ပဲ အခြားတစ်ယောက်အား အလွန်ချစ်ပြနေသည်မှာ ကံကြမ္မာကပေးတဲ့ ပြစ်ဒဏ်လား။

_________________

လွန်ခဲ့သော နှစ်(၂၀)..........

"မေမေ!!!!သားတောင်းပန်ပါတယ်..... သားကို သူနဲ့လက်ထပ်ခွင့်ပေးပါ...သားသူ့ကိုပဲ ချစ်တယ်။"

"ဟိန်းသုခ!!!!! မင်းကများ...အဲ့မိန်းမက ဘယ်လိုလူစားမျိုးလဲဆိုတာ မင်းသိလား။ မင်းနဲ့ကော အဆင့်အတန်းချင်းတူလို့လား!!"

"မေမေ...သူက မိန်းမကောင်းပါ။ သူသားကိုတကယ်ချစ်တာ။ သားသိတယ်။ မေမေသားတို့ကို လက်ထပ်ခွင့်ပေးပါနော်"

(N.နားမည်မသုံးတော့ပဲ ဖွား လို့ပဲ သုံးလိုက်ပါတော့မယ်နော်)

ဖွားက သားဖြစ်သူကို ဒေါသထွက်ရင်းနဲ့ ဒီမိန်းမကိုသာလက်မထပ်ဖို့ တိုက်တွန်းရတော့မယ်။
"တော်စမ်းပါ၊ နင်ငါ့ကိုမလွန်ဆန်နဲ့ ငါ့အမိန့်သာနင်နာခံ ခုချက်ချင်းအဲ့မိန်းမနဲ့ဖြတ် ငါပေးစားတဲ့မိန်းမနဲ့သာ နင်ယူရမယ်။"

Can't Lie (Unicode & Zawgyi)Where stories live. Discover now