P-38

1K 63 14
                                    

Zaw

"ငယ် ကိုကို မနက်စာထားခဲ့ပြီနော်။ ထမင်းစားဦး ပြီးတော့ ဆေးလဲ အဆင့်သင့်ပဲ သောက်လိုက်နော်။"ကုတင်ပေါ်တွင် စောင်အဖြူလေးအားခြုံပြီး အိပ်ပျော်နေသော ထယ်ယောင်းလေးကို နှိုင်းက ဘေးမှထိုင်ရင်းပြောနေခြင်းဖြစ်သည်။

"အင်းးးးသွားတော့လို့။"
"ကိုကို စိတ်မချဘူးလေ။"နှိုင်းစကားသံလေးက တိုးရှိုးသွားတော့ ထယ်ယောင်သလေးရိတ်မိတာပေါ့။

"ပထမဦးဆုံးအကြိမ်လဲမဟုတ်။ သွားအလုပ် ဒီနေ့ လူတွေ့စစ်ဆေးရမှာလေ နောက်ကျနေမယ်သွား။"စောင်ပုံထဲကတောင် မထွက်ဘဲ ပြန်ဖြေနေသော ထယ်ယောင်းအား နှိုင်းစိတ်မချပါ။ ကိုယ့်လက်စ ကိုယ်သိတာဆို ပိုမှန်မယ်။

စကားသံပြန်မကြားသောကြောင့် ထယ်ယောင်းလဲ
"သွားဆိုဗျာ။"ခတ်ဆက်ဆက်ပြောလိုက်တော့မှ ပြန်ပြောသံမကြားတော့ဘဲ အခန်းထဲက ထွက်သွားသည်။

နှိုင်းထွက်သွားတာသေချာတော့မှ ထယ်ယောင်းလဲ ထထိုင်လိုက်တယ်။ အမှန်ပြောရရင် နာနေသည်။ မိမိဒီလိုမှမလုပ်ရင် နှိုင်း အလုပ်မသွားမှာက သေချာတယ်လေ။ အလုပ်ကလဲ ဒီနေ့မှ အရေးကြီးနေ့လေ ပျက်လို့ဘယ်ဖြစ်ပါ့မလဲ။

စောင်လေးအားအသာအယာဖယ်ပြီး ရေချိုးခန်းထဲဝင်သွားလိုက်သည်။ ရေချိုးခန်းမှန်ရှေ့ရောက်မှ မိမိကိုယ်ကို ပြန်ကြည့်မိတယ်။
"အာ.လာ.လာ...ကိုက်ရာတွေပဲ။ ကိုကို လူကောဟုတ်ရဲ့လား။"

ကိုက်ရာများအား လက်နဲ့အသာအယာထိကြည့်တော့ စပ်ဖျင်းဖျင်းကို ခံစားမိသည်။
"ဆေးလဲထည့်ပေးသွားတာပဲ။ ဒီလိုတွေလုပ်နေလို့ ပိုချစ်နေရတာ။"

ချစ်ရသူ၏ ဂရုစိုက်မှုကိုရလို့ မပျော်တဲ့သူ ဘယ်ရှိပါ့မလဲ။ ထယ်ယောင်းလဲ မျက်နှာအမြန်သစ်ပြီး နှိုင်းပြင်ပေးထားတဲ့ မုန့်နဲ့ဆေးကိုသောက်ပြီး မပြီးပြတ်သေးတဲ့ အလုပ်ကြွေးတွေဆက်လုပ်ရတာပေါ့။
_______________________________

K.S Company ~~~~~~
ဒီနေ့ လူတွေ့စစ်ဆေးမှာမို့ company တွင်လူများအလုပ်ရှုပ်နေကြသည်။

မနေ့က အရိုက်ခံလိုက်ရသော ပါးက အိမ်ရောက်ရောက်ချင်း မနှင်းကမြင်ပြီး ရေခဲနဲ့ကပ်ပေးထားတာမို့ အရောင်ကျနေခြင်းဖြစ်သည်။

Can't Lie (Unicode & Zawgyi)Where stories live. Discover now