P-33

979 65 4
                                    

Zaw

📱ရတုရယ် ခေါ်လာခဲ့ပါနော်...မနှင်းလဲ ကလေးလေးကိုမြင်ဖူးချင်တာပေါ့။📱

"အဆင်ပြေပါ့မလား..လူကြီးတွေပဲဆိုတော့လေ၊ပြီးတော့အလုပ်ကိစ္စကလဲရှိသေးတော့။"

📱ရတုကလဲ ခုဖိတ်တဲ့ ညစာစားပွဲက မိတ်ဖြစ်ဆွေဖြစ် ပျော်ပျော်စားကြဖို့ပဲ။ ဘာအလုပ်ကိစ္စမှမပြောဖူး။📱

"မဟုတ်တာ... အားနာစရာကြီး။"

📱ရတုရာ...မနှင်းကိုမခင်တော့ဘူးလား။📱
နှင်းကလဲ မရရအောင်ခေါ်နေပြီမို့ နောက်ဆုံးတော့ ရတု Danielလေးကိုသာ ခေါ်သွားဖို့ ဆုံးဖြတ်လိုက်ရတော့တယ်။

"မဟုတ်ပါဘူး မနှင်းကလဲ။ ကျွန်တော်ခေါ်ခဲ့ပါ့မယ်။"
📱ဒီလိုမှပေါ့ရတုကလဲ။ အဲ့တာဆို bye byeနော်။📱

"ဟုတ်ကဲ့....bye.."

"Danielလေးကိုခေါ်သွားမို့လား။"

"ဟုတ်တယ် ကိုနှိုင်း... အဆင်ပြေမှာပါနော်။"
"ပြေပါတယ်။"
_____________

ညစာစားပွဲလေးဟာ လူများများစားစားမရှိဘဲ အရေးကြီးသော ကိုရီးယားမှဒိုင်များ၊ ကုမ္ပဏီက အမြင့်ပိုင်းလူတွေသာ မိတ်ဖြစ်စားဖြစ်ပွဲလေးဖြစ်တယ်။

Hotelတစ်ခုရဲ့ VIP roomထဲတွင်သာကျင်းပသောကြောင့် အားလုံးလွတ်လပ်စွာစားသောက်နိုင်ကြတယ်။

"အမလေး ငါ့မောင်က လက်စသတ်တော့ ကုလားအုပ်ဘဝပြောင်းသွားတာကိုး။"
မနှင်းက စိုင်းရဲ့အဖြစ်ကိုကြည့်ပြီး နောက်နောက် ပြောင်ပြောင်ပြောလိုက်တယ်။

"မျှော်ရတာပေါ့"
"အေးမျှော်တာလဲမျှော်ပေါ့။ ဒါပင်မဲ့ လင်းကိုတော့ပြစ်မထားသင့်ဘူး။"
ထောင့်ကျသောစားပွဲဝိုင်းတစ်နေရာကို မေးငေါ့ပြရင်း မနှင်းတစ်ယောက်ပြောလိုက်ခြင်း ဖြစ်တယ်။

"အင်းပါ။ ခုသွားခေါ်လိုက်ပါ့မယ်။"
"အေး ရတုဆိုတာက မင်းချစ်ရတဲ့ မင်းချစ်သူ။ လင်းကတော့ မင်းတရားဝင် လက်ထပ်ယူထားတဲ့ မင်းရဲ့ အိမ်ထောင်ဖက်။ မတူတော့တဲ့ အနေအထားဆိုတာကတော့ သတိထား။"

မနှင်းပြောတာမှန်ပါတယ်။ ဒါပင်မဲ့လေ ကျွန်တော် လင်းကိုမှချစ်မရတာ။ ဘယ်ချစ်ရမလဲ ညီက ကျွန်တော့်အချစ်တွေအားလုံးကို ယူသွားတယ်လေ။

Can't Lie (Unicode & Zawgyi)Where stories live. Discover now