P-10

1.4K 99 6
                                    

Zaw

💞Major Welcome 💞
°°°°°°°°°°°°°°°°°°°°°°°°°°
"ကဲအားလုံးစောင့်မျှော်နေကြတဲ့ major king နဲ့ queenတွေကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်"
"Woowwwwww"
အစီအစဉ်ကြော်ငြာသူမှ ပြောလိုက်သည်နှင့် အားလုံးလက်ခုပ်တီးပြီးကြိုဆိုကြသည်။

တစ်ယောက်ပြီးတစ်ယောက်မိတ်ဆက်ပြီး ရတုအလှည့်သို့ရောက်ရှိလာသည်။
"အားလုံးပဲမင်္ဂလာပါ...
ကျွန်တော့်နာမည် ရတုမင်းထက်ဖြစ်ပါတယ်"

"Wooow...."
အားလုံးထံမှလက်ခုပ်သံများကြားရပြီး
တဖြည်းဖြည်းနဲ့ ဆုကြော်ငြာမည့်အချိန်သို့ရောက်ရှိလာသည်။

"အားလုံးပဲ အခုချိန်ကတော့ ကျွန်တော်တို့ ရဲ့ သင်္ချာmajor ကိုယ်စားပြု king queen ဆုကိုကြော်ငြာရမည့်အချိန်ပဲဖြစ်ပါတယ် အားလုံးစိတ်ဝင်စားကြတယ်ဟုတ်......
ကဲ queen ကိုစပြီးကြော်ငြာပါမယ်...........
Queenကတော့ သိမ့်သိမ့်သူဖြစ်ပါတယ်!!!!!!!!!"

Queenကြော်ငြာအပြီး စိုင်း ရတု၏အားကြည့်၍
*သူလေး စိတ်လှုပ်ရှားနေတာပဲ မင်းပဲရမှာပါကွာ မင်းကကို့သာမက ဟောဒိကလူတွေရဲ့နှလုံးသားကိုအပိုင်ယူထားသူလေးမို့*

"Kingကိုဆက်ပြီးကြော်ငြာပါမယ်
Kingကတော့.....မောင်ရတုမင်းထက်ပဲ​ဖြစ်ပါတယ်!!!!"

"ရတု ရတု ရတု ....."
နှစ်ယောက်လုံးကိုသရဖူပေးပြီး ပွဲပြီးကြောင်းကြော်ငြာအပြီး ရတုစင်အောက်သို့ပြန်ဆင်းအလာကို စိုင်းမှနံရံမှီ၍ပြုံးပြုံးကြီးကြည့်နေလေသည်။

သေချာတာပေါ့ရတုခုတလော စိုင်းကိုရှောင်နေတာ လေ့ကျင့်ရေးအပြီးလဲအားလုံးကိုအမြန်နှုတ်ဆက်၍ ပြန်ပြန်သွားတတ်သည်။ခုလိုလုပ်နေတာ ဟိုတလော ခ နှင့်အတူမုန့်စားပြီးနောက်ပိုင်းဆို ပိုမှန်ပေလိမ့်မယ်။

*ကျွန်တော် ကိုစိုင်းကိုမရှောင်သင့်မှန်းသိပါတယ် သူနဲ့ဆက်ပြီးတော့ထိတွေ့မှလဲ ဖြစ်မှာပါလေ။*

"Conconကွာရတု မင်းရမယ်ဆိုတာ ကိုကြိုသိနေတာပေါ့"
"ဟုတ်ကျေးဇူးပါကိုစိုင်း...."
"ကဲမုန့်ဝယ်ကျွေးမှာလားပြော"
"ဟုတ်ကျွေးပါ့မယ် ကျွန်တော်အဝတ်အစားသွားလဲလိုက်ဦးမယ် ခဏနော်"

Can't Lie (Unicode & Zawgyi)Where stories live. Discover now