°1°

55.2K 1.9K 37
                                    

*အဲ့မင်းသားကိုက လှေနံနှစ်ဖက်နင်းတာပါဟယ်..!*

ဇာတ်လမ်းတွဲကြည့်ရင်း ဒေါသတွေထွက်နေသည့် ကျဲကို ကြည့်ရင်း ရိပေါ် အသာလေးပြုံးလိုက်၏။ လက်မှာဖက်ထားသည့် ယုန်ရုပ်လေးကိုလဲ ခပ်တင်းတင်းဖက်ကာ ဇာတ်လမ်းတွဲထက် ဒေါသတွေလှိမ့်ထွက်နေတဲ့ ကျဲကို ကြည့်နေမိသည်။

မောင်နှစ်မ၂ယောက်သာ ရှိတော့သည့် ရိပေါ်တို့ မိသားစုလေးမှာ ကျဲကပဲ ဖေဖေ၊ ကျဲကပဲ မေမေ။ ရိပေါ်ကို ဘာမှတောင်မလုပ်ခိုင်းပဲ အိမ်ထဲက အိမ်အပြင်တောင် မထွက်ခိုင်း။ ရိပေါ်ကို ငယ်ငယ်ကထဲက ကျောင်းသွားကျောင်းပြန်ဆိုတာလောက်ပဲ အိမ်ကထွက်ရသည်။

ဆော့ချင်ရင်တောင် အိမ်ထဲကနေ အပြင်မထွက်ရ။ ခြံထဲမှာပဲ ဆော့ရသည်။ ကျဲက သူ့ထက် ၇နှစ်ကြီး၍ အစစအရာရာ ဂရုစိုက်သည်။ ငယ်ငယ်ကဆို ကျဲက အလုပ်သွားရင်း နေ့လည်စာကို တစ်ခါထဲ ထမင်းစားခန်းလေးထဲ ထားခဲ့ပြီးသား။

ထိုလိုမျိုး ဂရုစိုက်ခံခဲ့ရသည့် ရိပေါ်က အစစအရာရာကို ကလေးအတွေးနဲ့ ဖြူဖြူစင်စင်ပဲ တွေးတတ်သည်။ ‌ပါးဖောင်းဖောင်းလေးနဲ့ ဆံပင်အဝါရောင် အုပ်အုပ်လေးက ရိပေါ်ကို ပိုကလေးဆန်စေသည်။ နှုတ်ခမ်းထော်ထော်လေးတွေကအစ နီရဲပြီး အသဲယားစရာလေးပင်။

*ဟေးး...! ဝူးးး..!*

ရိပေါ်တို့ ခြံရှေ့နားကနေ ဆိုင်ကယ်အကြီးကြီးတွေ၏ လီဗာဆွဲသံနှင့်အတူ တဟေးဟေး တဝါးဝါးအသံတွေကိုပါ ကြားရသည်။ ကျဲကတော့ မျက်ခုံးတွေစုကျုံ့ကာ အိမ်အပေါက်ဝထိ လျှောက်သွားပြီး လမ်းဘက်ကို လှမ်းကြည့်နေသည်။

ရိပေါ်လဲ ကျဲနောက်လိုက်ကာကြည့်ပေမယ့် မမြင်ရ၍ ခြေဖျားထောက်ကြည့်ရသည်။ အခုခေတ်ပေါ်နေသည့် ဆိုင်ကယ်အကြီးကြီးတွေနဲ့ အနက်ရောင် အဝတ်အစားတွေ ဝတ်ထားသော အကိုကြီးငါးယောက်။ ထိုနားမှာပင် လီဗာတွေ တဗြင်းဗြင်းဆွဲနေသည်က ခေါင်းတွေပင် ကိုက်လာစေသည်။

*လူလိုသိအောင် ပြောမှတော့ရမယ်..!*

အနေအေးလွန်းလှသည့် ရိပေါ်ဖို့ ထိုအသံတွေက တစ်ကယ်ကို အနှောင့်အယှက်ဖြစ်လွန်းလှသည်။ ကျဲက ဒေါသတကြီးနဲ့ အိမ်အပြင်ဘက်ထွက်သွား၍ ရိပေါ်မှာ အနောက်က ပြေးလိုက်ရသည်။ ကျဲက ခြံတံခါးကိုဖွင့်ပြီး ထိုဆိုင်ကယ်တွေနား သွားရပ်တော့ ဟိုအကိုကြီး ငါးယောက်က ဘာလဲဆိုသည့် သဘောဖြင့် ကြည့်လာကြသည်။

RestartWhere stories live. Discover now