°14°

16.3K 1.4K 128
                                    

ရိပေါ် အဝတ်အစားတွေ သေချာဝတ်ပြီး ဆိုဖာပေါ် ငြိမ်ငြိမ်လေး သွားထိုင်နေသည်။ ဦးကျန့်ကတော့ သူ့Jacketကို ယူပြီး ဆေးလိပ်ထုတ်ကာ သောက်နေသည်။ ဦးကျန့်ပုံစံက ဘာကိုမှ အလေးအနက်မရှိသည့်ပုံ။

လမ်းခွဲစကား ပြောထားသည့် ဦးကျန့်က သိပ်လဲနာကျင်ဟန်မပြပါ။ သူ့တီရှပ်လက်တိုကို အပေါ်ကို နည်းနည်းလိပ်တင်ပြန်သည်။ ရိပေါ် ဦးကျန့် လုပ်သမျှကို မျက်တောင်မခတ်ပဲ လိုက်ငေးသည်။

ရိပေါ်မှာသာ လမ်းခွဲစကား ကြားကြားချင်း ခွေကျသွားရတာ။

*ကျွန်တော် ဘာအမှားလုပ်မိလို့လဲဟင်..ဦးကျန့်..!*

ပထမဆုံး ရိပေါ်ဆီက ထွက်လာသော စကားသံတိုးတိုးလေး။ သူ ဦးကျန့်ကို ချစ်သည်လေ။ သူ ချစ်လာကာကြမှ ဦးကျန့်က လမ်းခွဲစကား ပြောသည်တဲ့။

*ချာတိတ်က ဘာအမှားမှမလုပ်ပါဘူး။ ဒါပေမယ့် ကိုယ် ချာတိတ်ကို မကြိုက်တော့ဘူး..ပြီးတော့ ချာတိတ်လဲ ကိုယ့်ကို မကြိုက်ဘူးမလား*

*ဟင့်အင်း..! ကျနော် ဦးကျန့်ကို ချစ်တယ်..! အများကြီး အများကြီးချစ်တယ်*

ရိပေါ် စကားကြောင့် ဦးကျန့်က မျက်ခုံးတစ်ဖက်ပင့်ပြီး ရိပေါ်ကို အံ့ဩသလို ကြည့်လာတယ်။ ဒါပေမယ့် ခနလေးပဲ။

*အင်း.. ချစ်လေ။ ချာတိတ်ဘာသာ ချစ်တာပဲ ချစ်ပေါ့ကွာ..ကိုယ်မတားပါဘူး။ ဒါပေမယ့် ကိုယ်က‌ေတာ့ မချစ်နိုင်ဘူး..!*

ရိပေါ် ဦးကျန့်ကို မျက်ရည်တွေရစ်ဝိုင်းနေသည့် မျက်လုံးရဲရဲလေးတွေနဲ့ ကြည့်လာသည်။ အသေအချာမဟုတ်ပဲ ဖြတ်ခနဲ ကြည့်လိုက်ရင်တောင် ငိုချင်စိတ်က်ု ထိန်းထား၍ တက်ဆက်ဆက်တုန်နေသော ရိပေါ်ရဲ့ နှုတ်ခမ်းလှလှလေး တစ်စုံကို မြင်ရသည်။

*မ..မဟုတ်ပါဘူး ဦးကျန့် ကျွန်တော့ကို ချစ်ရဲ့နဲ့ ညာနေတာ..!*

*ရော်..! ကိုယ်က ဘာလို့ ညာရမှာလဲ..? *

ဦးကျန့်က ခြေချိတ်ထိုင်လိုက်ကာ ရိပေါ်ကို ဆေးလိပ်သောက်ရင်း ကြည့်နေတယ်။ ရိပေါ်မှာ ပါးပြင်ပေါ် ကျလာသည့် မျက်ရည်တွေကို သုတ်လဲမသုတ်အားပါ။ သူ ကြောက်လွန်းလို့ စားပွဲအောက်ကနေ သူ့လက်ကလေးတွေကို ပြန်ဆုပ်ကိုင်ထားသလို ဖိပွတ်နေလေသည်။

RestartWhere stories live. Discover now