ရိပေါ်တို့ ကျောင်းတွေ ပြန်ဖွင့်ခါနီး၍ ကျောင်းအပ်ရတော့သည်။ ကျဲက လိုက်အပ်ပေးချင်ပေမယ့် အလုပ်ပြန်ဆင်းရပြီဖြစ်၍ သူနဲ့ယွီပင်း နှစ်ယောက်ထဲသာ။ ဦးကျန့် လမ်းလည်မှာ ဟန်လင်ကောကို ထိုးပြီးကထဲက ဟန်လင်ကော ပျောက်သွားသည်က အခုထိ။ ဘာရယ်မဟုတ် သတိရလာတော့ ယွီပင်းကို မေးရန်ပြင်လိုက်သည်။
*ယွီပင်း..! ဟန်လင်ကောကိုလဲ မတွေ့ရတော့ဘူး။ ငါတို့ စာတမ်းတွေတောင် ကျလာတော့မယ်လေ*
*အေးကွ..! ငါလဲ သေချာတော့မသိဘူး။ နယ်ပြန်သွားတယ်ဆိုလားပဲ*
နယ်ပြန်သွားသည်ဆိုတော့လဲ နယ်ပြန်သွားသည်ပေါ့။ သူ့အတွတ် ဟန်လင်ကောက အဲ့လောက်အရေးကြီးမနေပါ။ တွေ့ဆုံဖူးခဲ့သည့် စီနီယာတစ်ယောက်အနေဖြင့် မေးခြင်းပဲ။
*ဟိူမှာ မင်းဦးကျန့်တို့..!*
ရပ်ကွက်ထိပ်မှာ ဆိုင်ကယ်တွေရပ်ကာ စောင့်နေသည့် ဦးကျန့်တို့က ထုံးစံအတိုင်း ဆေးလိပ်သောက်လျက်။ ဆေးလိပ်ေသာက်လွန်းသည့် ဦးကျန့်ကို သူ တားကြည့်ရအုံးမည်။
*အရမ်းအတင့်မရဲနဲ့နော် အားဝမ်။ ကျဲသိရင် မင်းရော ငါရောသေမှာ*
ယွီပင်းစကားကြောင့် စိုးရိမ်စိတ်က ဝင်လာပြန်သည်။ ရပ်ကွက်ထိပ်မှာ လူရှင်းပေမယ့် တစ်ယောက်ယောက်သာ မြင်ပြီး တိုင်လိုက်လျှင်။
ရိပေါ် စိတ်တွေညစ်ညူးလာကာ ဦးကျန့်တို့နားရောက်မှ မချိပြုံးလေးပြုံးပြလိုက်သည်။ ဦးကျန့်က သူတို့လာသည်နှင့် ဆေးလိပ်ကိုပစ်ချကာ ဖိနပ်ဖြင့် ဖိချေလိုက်သည်။
*ကျောင်းသွားအပ်မှာဆိုလို့ လိုက်ပို့ဖို့ ရောက်နေတာလေ။ တက်*
ရိပေါ် ယွီပင်းကို လှည့်ကြည့်လိုက်တော့ ယွီပင်းက မတတ်သာသလို ကြည့်သည်။ ဦးကျန့်တို့က ရောက်နေမှတော့ ကျော်သွားလို့လဲ မရတော့။ ကျော်သွားလျှင်လဲ တဇွတ်ထိုး လုပ်တတ်သည့် ရှောင်းကျန့်က သူ့ကို ဆိုင်ကယ်ပေါ် ဆွဲတင်လိမ့်မည်။
*ဝူယဲ့ မင်းက ချာတိတ် သူငယ်ချင်းကို ခေါ်ခဲ့ပေး*
ရိပေါ် ဦးကျန့် ဆိုင်ကယ်နောက်က လိုက်ရပေမယ့် ရင်ထဲ တထိတ်ထိတ်။ ကျဲမြင်သွားမှာဆိုးသလို သူတို့ရပ်ကွက်ထဲက အန်တီကြီးတွေ မြင်မှာလဲဆိုးသည်။

YOU ARE READING
Restart
Fanfictionဖြူဖြူစင်စင်လေးဆို ကိုယ်က အသဲတယားယားနဲ့ ခြေမွပစ်ချင်နေရော #ရှောင်းကျန့် ဦးကျန့်က ကျနော့်အတွတ် နားမလည်ဆုံးနဲ့ အခက်ခဲဆုံး ပုစ္ဆာပဲ #ရိပေါ်