*ငါတို့ မုန့်သွားစားရအောင် ရိပေါ်..!*
*သွားမယ်လေ.. နေအုံး ငါအပေါ်ထည် သွားဝတ်လိုက်အုံးမယ်*
အပေါ်ထပ် ပြေးတက်ကာ လက်ရှည်အကွက်လေး ယူလာသည့် ရိပေါ်။ အိမ်တံခါးတွေပိတ်ကာ သူငယ်ချင်း၂ယောက်မှာ လမ်းလျှောက်ပြီးပင် ထွက်လာလိုက်သည်။ လမ်းထိပ်ရောက်မှ Busစီးကာ XZ 24Hrs Marketဆိုသည့် ဆိုင်လေးကို ရောက်လာကြသည်။
ရိပေါ်မှာ ဦးကျန့်နဲ့ မတွေ့တာ 2ရက်တောင် ရှိလေပြီ။ ဦးကျန့်က ဖုန်းတွေခေါ်ပေမယ့် မအားဘူးဟုညာကာ ယွီပင်းနဲ့ အတူတူ လိုက်နေသည်။ အိမ်မှာဆို ဝင်လာချင်သလို ဝင်လာပြီး ထင်တိုင်းရိပေါ်ကို သူ့သဘောကျလုပ်နေ၍ ရိပေါ်မှာ ကြောက်နေရခြင်း။
ဒါတောင် ယွီပင်းတို့အိမ်ရှေ့က ဆိုင်ကယ်သံကြီးတွေကြားလျှင် ဦးကျန့်တို့လားမသိဘူး၊ ဦးကျန့်လိုက်မလာလောက်ပါဘူးနော်နဲ့ စိတ်ချလက်ချမနေရဲ။ ဦးကျန့်က လူကြီးတွေ လူငယ်တွေဆိုပြီး ရှောင်မှာမဟုတ်သလို ပြောချင်လဲ စည်းမစောင့်တတ်။
*ဘာစားမလဲ..! ရေခဲမုန့်စားကြမလား*
*စားမယ်လေ။ မစားရတာ ကြာပေါ့*
သူငယ်ချင်း၂ယောက်သား ရေခဲမုန့်လေးကိုယ်စီကိုင်ကာ ဆိုင်အရှေ့မှာ ထိုင်စားကြဖို့ ချပေးထားသည့် ခုံလေးတွေမှာ ဝင်ထိုင်လိုက်သည်။
*ယွီပင်း..! ဦးကျန့် ငါတို့ကို မတွေ့လောက်ဘူးမလား*
*မတွေ့ပါဘူးကွာ။ မင်း ဦးကျန့်က ဒီအချိန်ဆို အခြားစော်တစ်ပွေနဲ့ နှပ်နေလောက်ပြီ*
ယွီပင်း သာသာနာနာလေး ပြောလိုက်တော့ ရိပေါ်က ခေါင်းငုံ့သွားလေသည်။ ယွီပင်းပြောလိုက်ပေမယ့် အခုလို ရိပေါ် မျက်နှာငယ်လေး ဖြစ်သွားတော့ စိတ်မကောင်းပြန်။ ရှောင်းကျန့်အကြောင်းကို သူရော ရိပေါ်ရော သိထား၍ စကားနာတော့ ပြန်မထိုးပါ။ ရိပေါ် ရှောင်းကျန့်အပေါ်ကို စိတ်ယိုင်နေလေပြီ။
*ရေခဲမုန့်လေး ကျွေးကြပါအုံးဗျာ*
ရိပေါ်ဘေး ဝင်ထိုင်ကာ ရွှင်မြူးနေသည့် စနောက်သံကြောင့် ရိပေါ် မျက်နှာမော့ကြည့်လိုက်တော့ ဟန်လင်ကော။
YOU ARE READING
Restart
Fanfictionဖြူဖြူစင်စင်လေးဆို ကိုယ်က အသဲတယားယားနဲ့ ခြေမွပစ်ချင်နေရော #ရှောင်းကျန့် ဦးကျန့်က ကျနော့်အတွတ် နားမလည်ဆုံးနဲ့ အခက်ခဲဆုံး ပုစ္ဆာပဲ #ရိပေါ်