°25°

18.7K 1.4K 70
                                    

*ရော့ ဒါလေး ထည့်စား..!*

ရှောင်းကျန့်မှာ ချာတိတ်က ညစာအတူစားဖို့ ခေါ်ခိုင်းလိုက်သည်နှင့် ဟန်ပင်မဆောင်နိုင်ပဲ ကမန်းကတမ်း ထလိုက်လာသည်။ ထမင်းစားခန်းရောက်တော့ Hoodieပန်းရောင်လေးဝတ်ကာ ဗိုက်ပူပူလေးနဲ့ ချာတိတ်လေးက ခုံမှာထိုင်ပြီး စားနှင့်နေလေပြီ။

*ရှောင်းကျန့် နင်လဲ ဟင်းတွေထည့်စားလေဟယ်..! အားဝမ် နင့်ဦးကျန့်ကို ဟင်းတွေထည့်ပေးလိုက်အုံး*

*ကျဲ..!!*

သူ့အစ်မ၏ မြှောက်ပင့်ပေးမှုကြောင့် ချာတိတ်က ခပ်စူးစူးလေးအော်သည်။ ရှောင်းကျန့်မှာတော့ ချစ်ရည်ရွှမ်းနေသည့် မျက်ဝန်းတောက်တောက်ကြီးတွေဖြင့် စားမတတ်ဝါးမတတ်ကြည့်နေလေသည်။ ရှောင်းကျန့်နဲ့ အကြည့်စုံသွားသည့် ချာတိတ်က မျက်‌ေစာင်းတစ်ချက်ထိုးကာ သူ့ဘာသာလေး ထမင်းငုံ့စားနေလေသည်။

ဒါကိုကြည့်ပြီး အသဲတယားယား ဖြစ်ရပြန်တာလဲ ရှောင်းကျန့်ပင်။ အရင်ကဆို အသဲတယားယားနဲ့ ဖြစ်ညှစ်ခဲ့သည့် ချာတိတ်က အခုမှ ပိုပြီးတစ်တစ်အစ်အစ်လေးဖြင့် ကိုက်စားချင်စရာလေး။

*ကျ..ကျွန်တော် အပေါ်တက်တော့မယ်*

စားလက်စပန်းကန်လေးကို ချကာ အပေါ်ထပ် တရွေ့ရွေ့တက်သွားသည့် ချာတိတ်နားရွက်ဖျားလေးတွေက ရဲနေသလိုပင်။ ခါးတစ်တစ်လေးကို ခပ်တင်းတင်းဖက်ရင်း နားရွက်ရဲရဲလေးတွေကိုသာ စိတ်ရှိတိုင်း စုပ်ကိုက်လိုက်ရလျှင် သူ ရူးသွားနိုင်သည်။

*နင်ကလဲ ထမင်းမစားပဲ ပေါ်တင်ကြီး ငါ့မောင်ကိုကြည့်နေမှတော့ ရှက်ပြီပေ့ါဟဲ့။ ဟိုက စောက်မြင်ကပ်တာလဲ မပြောနဲ့ အရူးအမဲသားတွေ့တဲ့အတိုင်းပဲ*

ရှောင်းကျန့်မှာ ဝမ်ကျဲလီဘာပြောပြော စိတ်ထဲမရှိ။ သူ့စိတ်ထဲရှိတာက နားရွက်ရဲရဲလေးရယ်၊ ဖောင်းဖောင်းအစ်အစ်ပါးလေးရယ်၊ နှုတ်ခမ်းစူထော်ထော်ရဲရဲလေးရယ်။

___________________

ရှောင်းကျန့် ကုမ္ပဏီကအလုပ်တွေကို အောက်ထပ်မှာ ပြန်စစ်နေတုန်း နွားနို့ပန်းကန်လေး ကိုင်ကာ အပေါ်ထပ်တက်မည်ပြင်နေတဲ့ အိမ်အကူကောင်မလေးကို လှမ်းမြင်လိုက်သည်နှင့်

RestartWhere stories live. Discover now