°20°

18.1K 1.3K 12
                                    

အားဝမ် နေမကောင်းဘူးဆိုသည့် ယွီပင်း၏ဖုန်းဆက်မှုကြောင့် ဝမ်ကျဲလီမှာ အိမ်ကို အမြန်ပြန်လာရသည်။ နယ်ဆင်းမယ်ဆိုပြီး ပြောထားပေမယ့် တစ်ကယ့်တစ်ကယ်တော့ သူမက အားဝမ်ကိုစိတ်ဆိုးပြီး အိမ်မှာမနေပဲ အဆောင်သွားနေရုံ။

ဘယ်လောက်ပဲ စိတ်ဆိုးဆိုး မောင်နှမနှစ်ယောက်ထဲ ရှိသည့်ဘတမို့ တစ်ခုခုဖြစ်လျှင် ပြေးကြည့်စရာက ဒီမောင်ငယ်လေးပဲ ရှိသည်။

*သက်သာသွားပြီလား အားပင်း။ ဘယ်လိုဖြစ်ရတာလဲကွယ်..!*

ရိပေါ်နားကို ထိုင်ချပြီး နဖူးလေးကို အပူစမ်းနေသည့် အစ်မကျဲလီက တစ်ကယ့် အစ်မကောင်း ပီသသည်။ အိပ်ပျော်နေသည့် ရိပေါ်ကတော့ အပူအပင်းကင်းစွာ။

*ဟုတ် ကျဲ။ ကျွန်တော်ပြန်ရောက်တော့ ဆိုဖာပေါ်မှာ အဖျားတွေတက်ပြီး သတိလစ်သလို ဖြစ်နေပြီ။ ကျွန်တော်လဲ ဆေးခန်းမြန်မြန်ခေါ်သွားပြီး သက်သာမှ ကျဲတို့အိမ် ပြန်ခေါ်လာတာ*

*ကျေးဇူးပါပဲ အားပင်းရယ်။ ကျဲကလဲ အားဝမ်ကို စိတ်တိုပြီး လုပ်မိလုပ်ရာ လုပ်မိသွားတာ။ ကျဲ မောင်လေး ဘယ်လောက်အားငယ်နေရှာမလဲ*

ဖြူဖျော့နေသည့် ရိပေါ် မျက်နှာကို ခပ်ဖွဖွလေးပွတ်ပြီး ကျဲက စိတ်မကောင်းတော်တော်ဖြစ်နေပုံ။ယွီပင်း အလိုက်တသိ ထကာ ရိပေါ်နိုးလာလျှင်စားဖိူ့ ဆန်ပုြတ်ပြုတ်ရန် ပြင်လိုက်သည်။

*ကျဲ တောင်းပန်ပါတယ် အားဝမ်။ ကျဲကြောင့် ကျဲမောင်လေး အခုလို ဖြစ်သွားရတာ။ ကျဲ တစ်ကယ် တောင်းပန်ပါတယ် အားဝမ်ရယ်*

အိပ်စက်နေသည့် ကောင်လေးကတော့ ဘာမှမသိစွာ အပူအပင်ကင်းကင်း အိပ်ပျော်နေလေသည်။

_________________

*ချာတိတ်က ဘာအချိုးချိုးသွားတာလဲကွာ..!*

ဝူယဲ့တို့မှာ မူးပြီး ပစ္စည်းတွေရိုက်ခွဲ၊ အော်ဟစ်နေသည့် ရှောင်းကျန့်ကို ဘယ်သူမှမတား။ စိတ်ပြေသွားတဲ့အထိ လွှတ်ပေးထားသည်။ အခန်းတစ်လုလုံးလဲ ရစရာ မရှိတော့သလို ပန်းအိုးကွဲစတွေ၊ မှန်ကွဲစတွေဖြင့်။

ပြီးမှ ပြန်ထွက်လာကာ အရက်တွေကို ရေခဲမရောပဲ သောက်ချပြန်သည်။ သူတို့မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး သက်ပြင်းတစ်ချချ။

RestartWhere stories live. Discover now