°23°

19.1K 1.4K 52
                                    

*ရိပေါ် taxiပဲ စီးရအောင်ပါကွာ နော်*

*ဟင့်အင်း ငါကBusပဲ စီးချင်တာပါဆိုကွာ*

ယွီပင်းမှာ ဘယ်လိုမှပြောမရသည့် ရိပေါ်ကြောင့် ခေါင်းကုပ်နေရလေပြီ။ ကျဲက အသေအချာ ကျောင်းကို taxiနဲ့ သွားပါဆိုပြီး မှာလိုက်သည်။ ဒီရောက်တော့ ရိပေါ်က Busစီးမယ်ဆိုပြီး ဂျီတိုက်နေပြန်သည်။

*မလုပ်ပါနဲ့ကွာ။ မင်းဗိုက်ထဲက ငါ့ရဲ့တူလေးလား၊ တူမလေးလားကို ထိခိုက်မှာ ဆိုးလို့ပါဟ*

*ကလေးက အခုမှ အလုံးလေးရှိသေးတာပါတဲ့ဆိုကွာ။ မရဘူး busပဲစီးမှာ*

ယွီပင်းမှာ မျက်နှာတစ်ခုလုံး ရှုံ့မဲ့ပြီး ရိပေါ်ကို နားချနေရသည်။ အရင်က ပေကပ်ကပ်မလုပ်တတ်သည့် ရိပေါ်က အခုတော့ busမှ မစီးရရင် ကျောင်းမသွားဘူးဆိုတဲ့ ပုံစံနဲ့။ ဗိုက်ထဲက ကလေးက ရှောင်းကျန့်စိတ်ဓာတ်ပဲနေမှာ။ အဲ့တာမို့ သူ့သူငယ်ချင်းလေးက ပြောမရတော့တာနေမှာပင်။

*အေးကွာ..!! မင်းသဘော*

နောက်ဆုံး ပြောမနိုင်တော့၍ busစီးဖို့သာ ပြင်ကြရတော့သည်။ ရုံးတက်ချိန်၊ ကျောင်းသွားချိန် ဖြစ်နေ၍ busက လူတော်တော်ကြပ်သည့်အပြင် ယွီပင်းတို့မှာ ထိုင်ခုံမရတော့။ ယွီပင်းမှာသာ ရိပေါ်ကို စိတ်မချလို့ ခနခနကြည့်နေရသည်။

ရိပေါ်ကတော့ လုပ်ချင်တာ လုပ်လိုက်ရ၍ ပြုံးနေသည်။

*အာ့..!!*

ကားဘရိတ်ကို ဆောင့်အုပ်လိုက်၍ အကုန်လုံး ယိုင်ထိုးကုန်သလို ကားသမားကို ဝိုင်းပြောကြလေသည်။ ရိပေါ်မှာ ရှေ့ကခုံဖြင့် ဗိုက်ကသွားဆောင့်ပြီထင်ပြီး မျက်လုံးမှိတ်လိုက်ပေမယ့် အနောက်ကနေ ခပ်တင်းတင်းပွေ့ထားသည့် လက်တစ်စုံ။

*ခင်ဗျား..!!*

တည်တင်းနေသည့် မျက်နှာနှင့် ရိပေါ်ကို ငုံ့မိုးကြည့်နေသော ထိုလူက ရိပေါ်ကို တစ်ခုခုပြောမလိုပြင်ပြီးမှ မေးရိုးတွေတင်းသွားသည်ကို သတိပြုမိလိုက်သည်။

ရိပေါ် သူ့လက်တွေကို ဖြုတ်ချပေမယ့် ထိုလူက အဖြုတ်ချမခံပဲ ခပ်တင်းတင်း ဆွဲဖက်ထားပြန်သည်။ ရုန်းမရမယ့်အတူတူ ရိပေါ် ငြိမ်ပြီးသာ လိုက်လာခဲ့သည်။

RestartWhere stories live. Discover now