°3°

18.9K 1.6K 21
                                    

*ဒီအပိုင်းက ဒီလိုလေး*

ရိပေါ်မှာ သင်တန်းဆင်းပြီး အပြင်ရောက်မှ ယွီပင်းကို စားမေးနေသည့် ‌လူကြောင့် မတ်တပ်ရပ်စောင့်နေရသည်။ ဒီနေ့ မိန်ယွဲ့လေးဆီမှာ အချိန်မရှိလို့ စောစော နားမည်ဟု မှတ်ထားတာပင်။

*အဲ့တော့ ဒါကရော..*

*ဒါက ..*

ရိပေါ် သူ့ရှေ့ကနေ ဖြတ်သွားကြသည့် သူတွေကို လိုက်ကြည့်နေပြီး ခနနေတော့ ခေါင်းလေးငုံ့ကာ မြေကြီးတွေကို ဖိနပ်ထိပ်လေးနဲ့ ထိုးဖွနေသည်။

*ဝူးး..ဗြင်း..!*

ရိပေါ် ခေါင်းလေးငုံ့နေတုန်း ကြားရသည့် ဆိုင်ကယ်သံကြီးတွေကြောင့် ရင်ထိတ်သွားရသည်။ ဦးကျန့်တို့များလား? ဆိုင်ကယ်သံကြီးတွေက အဝေးကြီးကပင် ကြားရလောက်အောင် ကျယ်သည်။

ရိပေါ် လက်တွေအေးစက်ကာ ယွီပင်းကို စာရှင်းတာ မြန်မြန်ပြီးပါစေဟု ဆုတောင်းနေမိသည်။ထိုဆိုင်ကယ်တွေကိုလဲ ဦးကျန့်တို့ မဟုတ်ဖို့ ဆုတောင်းနေရသည်။ သူ ဦးကျန့်ကို ကြောက်တယ်။

*ငါ အဲ့ဆိုင်ကယ်သံကြီးတွေ ကြိုက်တယ်..! မြန်တာလဲ အသေပဲ. ဈေးမတက်နိုင်လို့သာ*

ယွီပင်း စာရှင်းပြနေသည့်ကောင်က လေကြောက ရှည်နေ၍ ရိပေါ်ခမျာ မရှိပြုံးလေးဖြင့်။ စိတ်ထဲမှာတော့ ရင်တွေ တဒိတ်ဒိတ်ခုန်ကာ လက်ဖျားတွေ အေးစက်နေလေပြီ။ သူ ဒီနေရာက အမြန်ဆုံးသွားချင်ပြီ။

*ကျွီ.!!*

ဘရိတ်အုပ်သံအကျယ်ကြီးနှင့်အတူ ရိပေါ်တို့နား လာကပ်ရပ်သည့် ဆိုင်ကယ်အကြီးကြီးတွေနဲ့ ဦးကျန့်တိူ့အဖွဲ့။ ယွီပင်းတို့ကလဲ ကြည့်နေကာ ရိပေါ်ကတော့ ဘာလုပ်လို့ လုပ်ရမှန်းမသိ။

*အချစ်ကလေး..! ကိုယ်လာကြိုတာလေ *

ရိပေါ်ဆီကို မားမားမတ်မတ်လျှောက်လာသည့် ဦးကျန့်ကြောင့် ရိပေါ်မှာ ကြောက်ပြုံးလေး ပြုံးနေသည်။

Jacketအနက်စွေးစွေးနဲ့ အောက်ခံတီရှပ်အနက်ကလဲ အရိုးခေါင်းတွေနှင့်။ ဘောင်းဘီကလဲ ဒူးတွေပြဲကာ အနက်စွေးစွေး။ အောက်ကဖိနပ်ကအစ နက်စွေးနေသည်။ ဆံပင်အရှည်တွေကို တစ်ဝက်က ကပိုကရိုစီးပြီး ချထားသည့်ပုံက ဦးကျန့်နဲ့ လိုက်ဖက်နေသည်။ လည်ပင်းက တက်တူးတွေက တစ်ကယ်ကြက်သီးထစရာ။

RestartWhere stories live. Discover now