°29°

19.1K 1.3K 134
                                    

*သားသား..သားဒက်ဒီအခန်းထဲမှာ ရှိတယ်။ ညစာစားဖို့ သွားခေါ်အုံးနော်*

ရိပေါ်တို့ ပြဿနာတွေ ဖြစ်ပြီးကထဲက ဦးကျန့်က ထမင်းဆို ဟုတ်တိပတ်တိအစားပဲ အရက်တွေပဲ သောက်နေတတ်သည်။ ညဆိုလဲ အခန်းထဲကို တော်တော်ညနက်မှဝင်လာပြီး အိပ်သည်။ မနက်ဆို ရေချိုးပြီး အဝတ်အစားလဲကာ အလုပ်သွားသည်။

ရိပေါ်နဲ့သေချာမတွေ့သည်မှာ သုံးရက်လောက်ရှိလေပြီ။ သားသားကိုတော့ ပွေ့ဖက်နမ်းရှုံ့တတ်ပေမယ့် ရိပေါ်ကိုတော့ တွေ့လျှင် ရှောင်သွားတတ်သည်။

*ဒယ်က ရှားသေးဝူးယဲ့..ပါး*

*အော်..*

ရိပေါ် သားကိုယ်လေးကို ပွေ့ချီလိုက်ကာ ရင်ခွင်ထဲ ထည့်ထားသည်။ ရိပေါ် ပြောသာပြောလိုက်ရတာ ပြောပြီးစိတ်မကောင်း။ အရက်ပဲ သောက်နေသည့် ဦးကျန့်ကိုလဲ တစ်ကယ် စိတ်ပူလှသည်။

ဘာတွေများဖြစ်နေလဲ ခင်ဗျားရယ်

____________________

*ချာတိတ်..!!*

ရှောင်းကျန့် နေ့လည်စာကို ဟိုတယ်လဲသွားမစားချင်၍ ကော်ဖီဆိုင်သာ ထွက်လာခဲ့သည်။ ဆိုင်မှာတွေ့လိုက်သည်က ချာတိတ်နှင့် စကားထိုင်ပြောနေသည့် ဟန်လင် ဆိုတဲ့ကောင်။

ပြုံးဖြီးနေသည့်ချာတိတ်က သူနဲ့တွေ့လျှင် တည်သွားတတ်သည့် မျက်နှာလေး မဟုတ်တဲ့အတိုင်းပင်။ အသည်းတွေလဲ နာရပါသည်။ မြတ်နိုးရသူက ပစ်ပစ်ခါခါလုပ်သမျှ ရင်ဘတ်နဲ့ မဆံ့အောင် ခံစားရသည်။

*ရိပေါ်ယောကျာ်းနဲ့ကော အဆင်ပြေလား*

*ပြေပါတယ်..ကောရော ရည်းစားတွေရနေပြီလား*

*အထင်ကြီးလိုက်တာကွာ..!!*

ရှောင်းကျန့် ရပ်ကြည့်နေမိတာ ဘယ်လောက်ကြာသည်ပင်မသိ။ ခြေထောက်တွေတောင် တောင့်လာသည်အထိ။ သူ့မျက်စိထဲ မြင်ယောင်နေသည်က ပြုံးနေသည့် ချာတိတ်မျက်နှာလေး။

ချာတိတ်ကို ချစ်တယ်လို့ မပြောနိုင်သေးသည့်သူ့ကိုယ်သူလဲ ဒေါသတွေထွက်သည်။ အရက်ပဲဖိသောက်မိနေတော့ လူက ကြာတော့တောင့်မခံနိုင်။ ချာတိတ်နဲ့မျက်နှာချင်းဆိုင်မိတိုင်း စကားနာထိုးတတ်သူက သူ့ရင်ကို အခါခါနာအောင်လုပ်သည်။

RestartWhere stories live. Discover now