ရိပေါ် ဟိုတစ်ညက အခြေအနေတွေ ပြီးကထဲက ဦးကျန့်နဲ့ မျက်နှာချင်း မဆိုင်သေး။ သင်တန်းကိုလဲ မသွားဖြစ်သလို မိန်ယွဲ့လေးဆီလဲ မသွား။ သူ့စိတ်ထဲ ရှက်စိတ်သာ ကြီးစိုးနေသည်။ ဦးကျန့်ကလဲ ဖုန်းမဆက်ပေ။ ရိပေါ် ဦးကျန့်ကို ပြန်ကြောက်လာသည်။ သူ ဦးကျန့်ကို ချစ်ပေမယ့် ဒီလိုအခြေအနေတွေကြုံတိုင်း ခံစားချက်က ကြောက်စိတ်သာ ဖြစ်စေသည်။
ငိုနေတာကလဲ အခုထိ။ ဘာမှစားချင်စိတ်မရှိသလို အရင်ညက အဖြစ်အပျက်ကို ပြင်ဆင်ခွင့်ရချင်သည်။ သူသာ ဦးကျန့်နဲ့ မတွေ့ခဲ့လျှင်၊ သူသာ ဦးကျန့်ကို ငြင်းခဲ့လျှင် ဒီလိုတွေ ဖြစ်လာမှာ မဟုတ်ဘူး။
*ဟင့်..!*
ရိပေါ် ဒူးလေးကွေးကာ လက်နဲ့ပိုက်ထားသည်။ သူ ဦးကျန့်နဲ့ နှစ်ယောက်ထဲ တွေ့ရမှာ ကြောက်နေသည်။ဦးကျန့်ဆီက အဲ့လိုမျိုး အချစ်မခံချင်ဘူး။ သူ လိုချင်တာက ဖြူစင်ရိုးရှင်းသည့် အချစ်။ ဒီလိုကိစ္စတွေ မပါတဲ့ အချစ်။
* Beep Beep *
ရိပေါ် ဖုန်းမြည်သံကြောင့် ယူကြည့်လိုက်တော့ ဦးကျန့်။ ရိပေါ် လက်ဖျားတွေအေးကာ ရင်တွေတုန်လာသည်။ သူ ဦးကျန့်ကို ကြောက်တယ်။ ဖုန်းမကိုင်ရင်လဲ ဘာဖြစ်မည်ဆိုတာ ကြိုမသိနိုင်။
*Hello - ဦးကျန့်*
*မတွေ့ရတာကြာလို့ ကိုယ် မင်းဆီလာမလို့*
*မ..မလာ--*
ရိပေါ် အဆုံးထိမပြောရသေး ကျသွားသည့် ဖုန်းနှင့်အတူ ရိပေါ် ရင်တွေတဒိတ်ဒိတ်ခုန်လာသည်။ လက်တွေ ခြေတွေ အေးလာကာ ဦးကျန့်မလာပါစေနဲ့ ဆုတောင်းနေမိသည်။
ရိပေါ် အိမ်အောက်ထပ်ကို ပြေးဆင်းကာ ဆိုဖာပေါ် စိတ်ကိုငြိမ်အောင်ထားရင်း ထိုင်နေမိသည်။ ဆိုင်ကယ်သံတွေကြားတိုင်း ထထကြည့်ပြီး မဟုတ်မှ သက်ပြင်းချရသည်။ညဘက်တွေဆိုလဲ ဆိုင်ကယ်သံအကျယ်ကြီးတွေကြားတိုင်း ရိပေါ်မှာ ကြောက်နေရသည်။ ပြန်ထိုင်ရုံရှိသေး အဝေးကကြားရသည့် ဆိုင်ကယ်သံအကျယ်ကြီးကြောင့် ရင်တွေ တဒိတ်ဒိတ်ခုန်လာကာ ရင်ဘတ်ပေါ် လက်တင်ထားရသည်အထိ။
*ငါ..ငါ ယွီပင်းဆီမှာလို့ ဘာလို့ မပြောလိုက်ရတာလဲ? မက်ဆေ့ပို့ရမလား*

YOU ARE READING
Restart
Fanfictionဖြူဖြူစင်စင်လေးဆို ကိုယ်က အသဲတယားယားနဲ့ ခြေမွပစ်ချင်နေရော #ရှောင်းကျန့် ဦးကျန့်က ကျနော့်အတွတ် နားမလည်ဆုံးနဲ့ အခက်ခဲဆုံး ပုစ္ဆာပဲ #ရိပေါ်