°5°

20K 1.6K 21
                                    

ရိပေါ် သင်တန်းထဲမှာ ရှေ့က တီချယ်ပြောနေတုန်း တဂွမ်ဂွမ်မြည်နေတဲ့ ဖုန်းကို ခနခန ချပစ်ရသည်။ contact nameမှာ ဦးကျန့်ဆိုသည်က အထင်းသား။ ဖုန်းက အဆက်မပြတ်ခေါ်နေ၍ ယွီပင်းရော အတန်းထဲကလူတွေရော ဝိုင်းကြည့်နေကြလေပြီ။

တီချယ်ကတော့ တစ်ချက်တစ်ချက်လှမ်းကြည့်နေပြီး ဆက်သင်နေလေသည်။ ရိပေါ်မှာ စက်ပိတ်လိုက်ရသည်အထိ။ ဦးကျန့်က ဒီအချိန်ဆို ရိပေါ် သင်တန်းမှာဆိုတာ သိရဲ့နဲ့။

*မင်း ဦးကျန့်လား*

ယွီပင်းက မျက်နှာပျက်ပြီး ငိုမဲ့မဲ့လေးဖြစ်နေသည့် ရိပေါ်‌ေကြာင့် တိုးတိူးလေး ကပ်မေးလိုက်သည်။ရိပေါ် ခေါင်းညိမ့်ပြလိုက်ပြီး ရှေ့က သင်နေသည်ကို ကြည့်လိုက်တယ်။ ဒါပေမယ့် သူ့မှာ စာထဲစိတ်မရှိတော့။

သူ့ဖုန်းကိုမကိုင်လို့ ရိပေါ်ကို အော်မှာကြောက်သည်။ အရင်နေ့တွေကလဲ ဖုန်းမကိုင်ရင် သင်တန်းထိ လိုက်လာမယ်ပြောလို့ ရိပေါ်မှာ toiletဆိုပြီး ဖုန်းယူကာ ပြောရသည်။ ဦးကျန့်က ထိုလို တဇွတ်ထိုးတွေ လုပ်တတ်မှန်း တစ်ဖြေးဖြေး သိလာရသည်။ ထိုလို အပြုအမူတွေကိုလဲ ကြောက်သည်။

*ကဲ ဒီနေ့တော့ ဒီလောက်ပါပဲ*

အတန်းသိမ်းသည်နှင့် ရိပေါ် အပြင်မထွက်ရဲသေး။ ယွီပင်းက ငုတ်တုပ်ထိုင်နေသည့် ရိပေါ်ကို ကြည့်ကာ

*ထ သွားမယ်.! မနက်ဖြန်ကျရင် စာတမ်းပြုစုရမယ်တဲ့။ ငါတို့က ဒီသင်တန်းက အတော်ဆုံးအကိုကြီးနဲ့ အတူတူကျတာ *

*အင်း..*

ရိပေါ် လေးလေးပင်ပင်ကြီး ခေါင်းညိမ့်ကာ ထရပ်လိုက်သည်။ အပြင်မှာ ဦးကျန့်ရောက်မနေဖို့ ဆုတောင်းရသည်။ ယွီပင်းကို သူ အားကျတယ်။ ယွီပင်းက လွတ်လွတ်လပ်လပ်နဲ့ ပျော်စရာကောင်းသည်။ ရိ‌ေပါ်ကတော့ ဦးကျန့်ကို ကြောက်နေရတာပင်။

ရိပေါ်တို့ အပြင်ရောက်တော့ ဦးကျန့်တို့ မရှိ၍ တော်သေးသည်။ ရိပေါ် စိတ်ထဲ နည်းနည်းပျော်သွားကာ ပြုံးလာသည်။

*ရိပေါ်..! ရိပေါ်*

အနောက်ကနေ သူ့နာမည်ကိုခေါ်ပြီး ပြေးလာသည့် သူကြောင့် ရိပေါ်နဲ့ ယွီပင်း လှည့်ကြည့်လိုက်သည်။ ရိပေါ်တို့သင်တန်းက အတော်ဆုံး အကိုကြီးပင်။

RestartWhere stories live. Discover now