° 19°

17.6K 1.3K 28
                                    

ရှောင်းကျန့် မနက်နိုးလာတော့ ဘေးမှာ ဘယ်သူမှ ရှိမနေ။ ညက ဆေးခတ်ခံလိုက်ရ၍ ဘာတွေဖြစ်သွားသလဲ သူ ကိုယ်တိုင်ပင် မသိ။ သူ သိတာတစ်ခုကတော့ ညကမိန်းကလေးကို အခန်းပြင်ဆွဲထုတ်ပြီး သူ တစ်ယောက်ထဲ အလူးအလိမ့်ခံလိုက်ရတာပင်။ ချာတိတ်ဆီ သွားမည်ပြင်ပေမယ့် လူက ထပင်မထနိုင်တော့။

ကလပ်က သူ့အပိုင်ဆိုတော့ ဘယ်သူမှလဲ လာနှိုးရဲပုံမပေါ်။ ရှောင်းကျန့် အောက်ပြုတ်ကျနေသည့် Leatherကို ဆွဲယူပြီး အပြင်ထွက်လာသည်။ ဆိုင်ကယ်နားရောက်မှ စက်နှိုးကာ ကွန်ဒိုပြန်ရသည်။ ကွန်ဒိုရောက်ပြီး အဝတ်အစားတွေလဲ ရေချိုးပြီးမှ ချာတိတ်ဆီ ထွက်လာသည်။

*ဟေ့ ယွီပင်း..!*

ချာတိတ်ကို မတွေ့ရပဲ ချာတိတ်၏ သူငယ်ချင်းကောင်လေးသာ တွေ့လိုက်ရသည်။ ရှောင်းကျန့် လှမ်းခေါ်တော့ သူ့ဆီလာနေသည့် ကောင်လေးက မျက်နှာတည်တည်လေး။

*ဟုတ် ကော..! ဘာဖြစ်လို့ ခေါ်တာလဲ*

*ချာတိတ်ရော အတန်းမတက်ဘူးလား*

ရှောင်းကျန့်မေးလိုက်တော့ မျက်လုံးတစ်ချက်ပင့်ကြီးပြီး မျက်နှာတည်နှင့်ပဲ ခေါင်းရမ်းကာ

*သူ နေမကောင်းလို့တဲ့။ ညက မိုးမိသွားတာလေ*

*သူက ဘယ်သွားလို့ မိုးမိတာလဲ..?*

ရှောင်းကျန့် စိတ်က ထောင်းခနဲတိုသွားသည်။ မိုးရွာထဲ ဘာမှမပါပဲ သွားလို့ မိုးမိတာ နေမှာပင်။ ကလေးလဲ မဟုတ် အဲ့တာတွေကအစ လိုက်ပြောနေရရင် အဆင်မပြေ။

*ကျွန်တော်လဲ သေချာမသိဘူး။ အတန်းရှိလို့ သွားလိုက်ပါအုံးမယ်*

သူ့ကို စကားပြောချင်ပုံ မရသည့် ချာတိတ် သူငယ်ချင်းက ကိုယ်လေးကိုင်းပြီး နှုတ်ဆက်ပြီးတာနှင့် တစ်ချက်ပင် လှည့်မကြည့်။

မိုးမိပြီး နေမကောင်းဘူးဆိုသည့် ချာတိတ်ဆီကို သွားဖို့ သူ့မှာပြင်ရပြန်သည်။ တွေ့မှ ဆူပစ်မည်ဟုလဲ ကြုံးဝါးထားသည်။ ကလေးလဲ မဟုတ်ပဲ ဂရုမစိုက်သည့် ချာတိတ်ကို ရိုက်လိုက်ချင်သည်။

ချာတိတ် အိမ်ရှေ့ရောက်တော့ အိမ်လေးက သော့ခတ်လျက်သားလေး။ နေမကောင်းဘူးဆိုပြီး ဘယ်တွေ လျှောက်သွားမှန်းမသိ။ ဖုန်းဆက်တော့လဲ ဖုန်းကမကိုင်။

RestartWhere stories live. Discover now