*ချာတိတ်..ကိုယ်တို့နဲ့ လိုက်ခဲ့ပေးအုံးနော်*
မနက်စာစားဖို့ လာခေါ်သည့် ဦးကျန့်တို့က နေ့လည်၁၁နာရီ။ သူတို့ကို ကြည့်ရတာ အခုမှအိပ်ယာထလာကြပုံပင်။ စတိုင်လ်ကတော့ အမိအမိုက်ပေမယ့် မျက်လုံးတွေကရဲနေလေသည်။
*ဘယ်သွားမှာလဲ ဦးကျန့်*
*လိုက်ခဲ့ပေးပါ ကိုယ်ခေါ်တာပဲ*
ရိပေါ် ခေါင်းညိမ့်လိုက်သည်။ သူလဲ ဦးကျန့်နဲ့တွဲမှ အပြင်ဆိုတာမျိုးတွေကို ခနခနထွက်နေမိသည်။ ယွီပင်းကတော့ သူ့ကို သတိထားဖို့သာ ပြောသည်။
အကုန်စားသောက်ပြီးတော့ ဆိုင်ကယ်တွေနဲ့ ထွက်ကြပြန်သည်။ ရိပေါ် ကျဲသာ ပြန်လာရင် ရိပေါ်ကို ဆူတော့မှာ အသေအချာ။ ထိုအခြေအနေကိုလဲ ရိပေါ်ကြောက်သည်။ ကျဲနဲ့ ဦးကျန့် ထိပ်တိုက်တိုးမည့် အခြေအနေတွေ။
ဆိုင်ကယ်သံအကျယ်ကြီးတွေနှင့် ဝင်လာသည့် ရိပေါ်တို့ကို လူတွေက ဝိုင်းကြည့်နေကြလေသည်။ သူတို့အမြင် ခပ်မိုက်မိုက်ဘဲကြီးတွေ လာကြသည်ဟုပဲ မြင်ကြလိမ့်မည်။ ရိပေါ် သူများအရှိန်အဝါနဲ့ မလင်းချင်။
ဆိုင်ကယ်တွေ ရပ်ပြီးသည်နှင့် ရိပေါ် ဆိုင်ကယ်ဦးထုပ်ကို ဦးကျန့်ကို လှမ်းပေးလိုက်သည်။ မိန်းကလေးေတွကတော့ ဦးကျန့်တို့ကို သိသိသာသာ အထာပေးနေကြလေသည်။ XZ Mallဆိုသည့် နေရာရောက်မှ ဦးကျန့်တို့ ပစ္စည်းတစ်ခုခုဝယ်ဖို့ လာတာမှန်း သိလိုက်ခြင်း။
*ချာတိတ် ကြိုက်တာဝယ်နော်*
ဦးကျန့်သူငယ်ချင်းတွေက အရှေ့ကနေ တစ်ဆိုင်ပြီး တစ်ဆိုင်ဆီ ခေါ်သွားကြသည်။ ဘေးက ဦးကျန့်ကတော့ သူနဲ့ ကပ်ပြီးလိုက်ရုံသာ။ လက်တောင်မကိုင်။
ကြီးမားသည့်Mallကြီးထဲမှာ အားလုံးက လိုချင်စရာတွေကြည့်ပင်။ နာရီဆိုင်တွေ၊ ဖိနပ်ဆိုင်တွေ၊ အဝတ်အစားဆိုင်တွေ။ တစ်ခါတစ်ခါ ရိပေါ် မင်းသား၊ မင်းသမီးတွေကိုတောင် ဈေးလာဝယ်တာ တွေ့ရသည်။ ဒါပေမယ့် အားလုံးက ပုံမှန်လူလိုပဲ ဂရုတောင် မစိုက်ပေ။
ရိပေါ် တစ်နေရာအရောက် မြင်လိုက်သည်က အရုပ်ဆိုင်။ အရုပ်တွေ အများကြီး။ ရိပေါ် အမြင်ကို ဖမ်းစားထားသည်က နားရွက်ရှည်ရှည် ယုန်ရုပ်။ ရိပေါ် အကြာကြီး စိုက်ကြည့်နေမိသည်။

BINABASA MO ANG
Restart
Fanfictionဖြူဖြူစင်စင်လေးဆို ကိုယ်က အသဲတယားယားနဲ့ ခြေမွပစ်ချင်နေရော #ရှောင်းကျန့် ဦးကျန့်က ကျနော့်အတွတ် နားမလည်ဆုံးနဲ့ အခက်ခဲဆုံး ပုစ္ဆာပဲ #ရိပေါ်