°2°

20.2K 1.6K 4
                                    

ရိပေါ် မိန်ယွဲ့လေးကို ဂိုက်ပြပြီး ပြန်လာတော့ ၉နာရီခွဲနေလေပြီ။ မိန်ယွဲ့တို့အိမ်နဲ့ ရိပေါ်တို့အိမ်က အဝေးကြီးတော့ မဟုတ်ပေမယ့် ၁၅မိနစ်လောက်တော့ လမ်းလျှောက်ရတယ်။ ရိပေါ် သင်တန်းက သင်လိုက်သည်များကို စိတ်ထဲမှာ ပြန်ပြီးတွေးနေရင်း ပါးစပ်လေးကလဲ ပွစိပွစိနဲ့ ရွတ်ကြည့်ရသေးတယ်။

ကျဲကလဲ နယ်ဆင်းပြီဆိုတော့ အိမ်မှာက ရိပေါ် တစ်ယောက်ထဲပဲ။ အဆာပြေစားဖို့ ဝယ်လာသည့် မုန့်လေးတွေကိုလဲ ငုံ့ကြည့်သေးသည်။ ရိပေါ် အရှေ့က လာနေသည့် ဆိုင်ကယ်မီးရောင်ကြောင့် မျက်နှာကို ကွယ်လိုက်တယ်။

ဒီလမ်းက လူပြတ်သလို မီးတိုင်လေးတွေကလဲ ကျိုးတိုးကျဲတဲနှင့်။ ဆိုင်ကယ်က ရိပေါ်ဆီတည့်တည့်လာနေ၍ ဘေးအိမ်က ခြံခတ်ထားသည့် အုတ်တံတိုင်း ဘေးနားကို ကပ်နေလိုက်သည်။

*ကျွီ!*

ရိပေါ် တိုက်ပြီအထင်နှင့် အိတ်လေးကို တင်းနေအောင် ကိုင်လိုက်ရင်း မျက်လုံးကို စုံမှိတ်လိုက်တယ်။ ဆိုင်ကယ် ဘရိတ်အုပ်သံ အကျယ်ကြီးနှင့်အတူ ရိပေါ်ဘေးနားတွင် ကပ်လျက် ရပ်နေသော 2017Y6 ဆိုင်ကယ်ဘီးအကြီးကြီး။

ရိပေါ် ဆိုင်ကယ်မောင်းသူကို ကြည့်လိုက်တော့ ဟိုတစ်နေ့က ရိ‌ေပါ်တို့ အိမ်ရှေ့မှာ ကျဲနဲ့ ရန်ဖြစ်ခဲ့တဲ့သူတွေထဲက ဆံပင်ရှည်ရှည်နဲ့ အကိုကြီး။

*ကြည့်လှချည်လား ချာတိတ်ရ..*

ရိပေါ် ထိုလူကြီးဆီက အကြည့်ကို ပြန်သိမ်းရင်း ထွက်သွားဖို့ လုပ်တော့ ရိပေါ် လက်ကို လာဆွဲထားသည့် လူကြီး။ ဆိုင်ကယ်ပေါ်ကလဲ မဆင်းပဲ ခြေထောက်နှစ်ဖက်ကို မြေကြီးပေါ်တွင်ထောက်ထားသည့် သူက ဘယ်လောက်အရပ်ရှည်လဲဆိုတာ တွေးကြည့်လို့မရ။

*နေပါအုံးကွ..!*

*ကျနော် စာကြည့်စရာရှိသေးလို့ပါ..*

ရှောင်းကျန့် လက်ထဲက ရုန်းထွက်နေသည့် အိစက်စက်လက်ကလေးကြောင့် အသဲယားစွာ ဖိညှစ်ပစ်ပြီး သူ ဆိုင်ကယ်ပေါ်က ဆင်းလိုက်တယ်။

*ကိုယ်နဲ့ခနစကားပြောမယ်..!*

ဘီယာနံ့တွေ လှိုင်ဟောင်ထနေသည့် လူကြီးကြောင့် ရိပေါ် သူ့လက်ကို မရမကရုန်းတယ်။ ရိပေါ် အရက်သမားတွေနဲ့ စကားမပြောချင်ဘူး။ ပြီးတော့ သူ့ကို ဝါးစားမတတ် ကြည့်နေသည့် လူကြီးကိူလဲ ကြောက်တယ်။

RestartWhere stories live. Discover now