20 : Emperor will go to military

6.9K 971 79
                                    

ညက အရှိန်ကြောင့် ဂျောင်ဂု ညီလာခံ တက်ပြီး ပြန်လာသည့်တိုင် ထယ်ယောင်း တစ်ယောက် မထသေးပေ။
အဆာပြေ စားပြီးတဲ့နောက် ရေနွေးသောက်နေတုန်း..
ဂျင်ဟွာက အခစားဝင်လာသည်။

" စစ်ပွဲကို ရှောင်လွှဲလို့ မရနိုင်ဘူးအရှင် နယ်စပ်မှာ ချင်နိုင်ငံက တပ်တွေ ဝိုင်းထားတယ် "

ချင်မင်းသား ဝမ်လော့ဟယ် သေဆုံးမှုရဲ့ နောက်ဆက်တွဲကို ဂျောင်ဂု ကြိုတွေးထားပြီးသား ဖြစ်သည်။ မတော်တဆ ဖြစ်စေ တမင် ရည်ရွယ်၍ ဖြစ်စေ ထိုအရေးဟာ ဂျောင်ဂုရဲ့ ခေါင်းပေါ် ကျလာသည်ပဲ။ ရာရာစစ ထယ်ယောင်းကိုမှ
ထိပါးရဲတဲ့ ချင်မင်းသားကို အသက်ရှင်လျက် သူ့နိုင်ငံ ပြန်စေသည်အထိ ဂျောင်ဂု သဘောထားမပြည့်ဝပေ...။

ယု နဲ့ သူ ကိုယ်တိုင် အကွက်ဆင်ပြီး
ချင်မင်းသားကို တစ်ဖက်လှည့်နဲ့ လုပ်ကြံခဲ့ခြင်းက သူတို့
နှစ်ယောက်တည်းရဲ့ လျှို့ဝှက်ချက်ဖြစ်သည်။ ထယ်ယောင်း တောင် မသိ။ ထိုအဖြစ်အပျက်ကို ထယ်ယောင်း ပြန်မတွေးစေလိုသည်လည်း ပါသည်။

စစ်ပွဲခေါ်သံက ရောက်လာပြီမို့ အေးဆေးထိုင်နေ၍ မရတော့ချေ။

" ကိုယ်တော် ကိုယ်တိုင် ဦးဆောင်ပြီးတိုက်မယ်
ဘာငြိမ်းချမ်းရေး သံတမန်မှ မလိုဘူး "

" အမိန့်တော် အတိုင်းပါ "

ချင်နိုင်ငံ အလျှော့ပေးလေ ရောင့်တက်လေ ဖြစ်လာလိမ့်မည်။ သူ့ဘက်က တစ်ခါတည်း ဖိနှိပ်ထားမှ တော်ကာကျမည်။
စစ်ပွဲဖြစ်လာနိုင်တာကြောင့် ကြိုတင်ပြင်ဆင်ထားတဲ့ အရာတွေက အလကား မဖြစ်တော့ပေ။ ဂျွန်အင်ပါယာရဲ့
အင်အားကို တစ်ခါတည်း ပြသရမည်။

' ဝုန်း'

အိပ်ခန်းထဲမှ ကျယ်လောင်စွာ ထွက်ပေါ်လာတဲ့ အသံကြောင့်
ဂျောင်ဂုရဲ့ မျက်နှာဟာ ပြုံးယောင်သန်းလာသည်။ ဂျင်ဟွာကို လက်အမူအရာပြကာ ထွက်သွားစေလိုက်သည်။ ထို့နောက်
အိပ်ခန်းထဲ ဝင်လာတော့ ကုတင်အောက်မှာ
စောင်ပုံနဲ့ လုံးထွေးပြီး ပြုတ်ကျနေတဲ့ ဧကရီပေါက်စလေးကို တွေ့ရသည်။

" အဟက်.. အိပ်ပုတ်လေး နိုးလာပြီလား"

" အရှင်.. ဟင့် ယောင်းကို ချီ "

Ultralegends Where stories live. Discover now