18 : We can't run away from destiny

6.6K 1K 88
                                    


မြို့တော်၏ ညဈေးပွဲတော်သည် အလွန်စည်ကားလှသည်။
အင်ပါယာ၏ အဓိက မြို့တော်ဖြစ်သည်မို့ လူဦးရေ ထူထပ်ကာ သာယာအေးချမ်းပေသည်။ ခရီးသွား လုပ်ငန်း ကလည်း ပေါက်မြောက်ပြန်တော့ အခြားနိုင်ငံများက
အမြဲလိုလို လာရောက် လည်ပတ်နေတတ်ကြသည်။

လပြည့်ညတိုင်း ပျော်ပွဲရွှင်ပွဲများ ကျင်းပတတ်ကြပြီး မီးရှူးပန်း လွှတ်လေ့ရှိတာမို့... ထိုရက်တွေမှာ ပို၍ စည်ကားနေတတ်သည်။

ဟိုဆော့နဲ့ ပြန်တွေ့တဲ့ အထိမ်းအမှတ်အနေနဲ့ တစ်ညတာ
လွတ်လွတ်လပ်လပ် လည်ပတ်ခွင့်ပေးရန်.. ထယ်ယောင်းက
ဂျောင်ဂုကို ခွင့်တောင်းသည် ။ လပြည့်နေ့ ဖြစ်တာမို့
ဂျောင်ဂုက ခွင့်မပြုလိုသည့်ကြားက အတင်း တောင်းဆိုနေတဲ့ ထယ်ယောင်းကြောင့် ခေါင်းငြိမ့်လိုက်ရသည်..။

တစ်မြို့လုံးကို သိသိသာသာတစ်မျိုး မသိမသာတစ်မျိုး
လုံခြုံရေး တင်းကြပ်ထားသည်။ အရပ်ဝတ်စုံတွေနဲ့ပါ ကိုယ်ရံတော်တွေ ရှိနေတာကို ဟိုဆော့ကတော့ တပ်မှူးပီပီ သတိထား မိသည်။ ထယ်ယောင်းကတော့ အပြင်ထွက်ရခြင်းကို အတိုးချပြီး ပျော်ရွှင်နေ၏...။

" အစ်ကိုကြီး ဟိုမှာ ပိုးထည်တွေသွားဝင်ကြည့်ရအောင်
အစ်ကိုကြီးအတွက် တစ်ထည်လောက် ချုပ်ပေးချင်တယ်
ကျွန်တော့် ကိုယ်ပိုင်ငွေနဲ့ မဟုတ်ပေမယ့်လို့ပေါ့ ဟီးး"

" အင်းပါ သဘော "

ထယ်ယောင်းက ဟိုဆော့လက်မောင်းကို ချိတ်ကာ ပိုးထည် ဆိုင်ထဲသို့ ဆွဲခေါ်သွားလေသည်။ အမှတ်တရ လက်ဆောင် ပစ္စည်း တစ်ခုက တန်ဖိုးကြီးရန်မလိုပေ။ စိတ်ရောကိုယ်ပါ
နှစ်ပြီး ပြုလုပ်ထားတဲ့ ပစ္စည်းကိုသာ ပို၍ မြတ်နိုးသည်မို့..
ဟိုဆော့ကို အဝတ်အစား တစ်စုံချုပ်ပေးရန် စိတ်ကူးရင်း
ထယ်ယောင်း ကြည်နူးနေမိသည်။

ဟိုဆော့က ခန့်ညားပြီး တည်ကြည်တဲ့ ပုံစံမျိုးမို့..
ကိုယ်မှာ ကပ်လိုက်တဲ့ ပိတ်စတိုင်းက ကြည့်ကောင်းနေပေသည်။ ထိုတစ်ဆိုင်နဲ့တင် ထယ်ယောင်း
ဝယ်မိတာ မနည်းမနှော။ သို့သော် ထယ်ယောင်း၏
မြတ်နိုးရာက အင်ပါယာတစ်ခုလုံး၏ အရှင်သခင် မဟုတ်ပါလား။ ငွေရေးကြေးရေးအတွက် ထယ်ယောင်းမှာ
အပူအပင်ဆိုတာ မရှိပေ။

Ultralegends Where stories live. Discover now