6 : The strange blue eyes

10K 1.3K 79
                                    

လက်ရွေးစင်တပ်ဖွဲ့(၃)သည် စစ်ပွဲများ မရှိသောကြောင့်
စခန်းတွင်သာနေရင်း.. စစ်ရေးလေ့ကျင့်မှုများကိုသာ
အဆက်မပြတ် လေ့ကျင့်နေရသည်။ လက်ရွေးစင်တပ်အတွက်
နားရက်ဆိုသည် ရွှေထက်ပင်အဖိုးတန်လေသည်..။
သို့သော် ဧကရာဇ်က လစာကောင်းကောင်းအပြင်
စစ်ပွဲမှ ဒဏ်ရာကြောင့် ဝမ်းရေးအတွက် မရှာဖွေနိုင်တော့သည်
ရှိသော် အကျိုးခံစားခွင့်လည်းများစွာပေးထားလေသည်။
စစ်နိုင်တိုင်း ရွှေငွေများနဲ့ အခြားဆုလာဘ်များကို
ချီးမြှင့်ပေးတာမို့.. ယောက်ျားသားတိုင်း၏ အိပ်မက်မှာ
လက်ရွေးစပ်တပ်ထဲ ဝင်နိုင်ရေးသာဖြစ်သည်...။

လက်ရွေးစင်တပ်ဖွဲ့(၃)တွင် အဖွဲ့ဝင် ၂၀၀သာရှိသည်။
လေ့ကျင့်ရေးများ ပြိုင်ပွဲများတွင်လည်း အမြဲအနိုင်ရလေ့ရှိရာ
တပ်ဖွဲ့(၃)သည် နန်းတော်က အပျိုတော်များထိပါ
နာမည်ကောင်းရှိလေသည်။ လေ့ကျင့်ရေးများလုပ်ပြီးနောက်
မြက်ခင်းပြင်ပေါ် တပ်သားများ အနားယူနေကြသည်။
မွန်းဗြောလ်ကတော့ လက်နှစ်ဖက်ကိုယှက်ကာ ခေါင်းအုံးထားရင်း
ကောင်းကင်ကျယ်ကြီးအား ငေးမောနေလေသည်..။

မွန်း​ဗြောလ်သည် ရွှန်းလဲ့နေသည့်
မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားသည့် ကောင်လေးတစ်ယောက်
ဖြစ်ပြီး သေးသွယ်သော ခန္ဓာကိုယ် ရှိသည်။ တပ်ဖွဲ့ထဲတွင်
အသေးဆုံး, အငယ်ဆုံးဖြစ်ရာ လူချစ်လူခင်ပေါတာမို့
အားလုံးက မွန်းလေး လို့သာ ခေါ်ဆိုကြတော့သည်။
ထိုကောင်လေးသေးသေးသည် တပ်ဖွဲ့သုံးတွင် တတိယမြောက်
အတော်ဆုံးမို့ ဘယ်သူမှ အထင်မသေးရဲကြပေ။
တပ်ဖွဲ့မှူး ဂျောင်ဟိုဆော့ ကိုယ်တိုင်က မျက်နှာသာပေးကာ
အရိပ်တကြည့်ကြည့်ခံရသည့်လူမို့ ပိုလို့ပင် ရှိန်ရသေးသည်။

" အားလုံး.. အနားယူတာ
တော်လောက်ပြီ,တပ်မှူးဂျင်ဟွာ လာမှာမို့ တန်းစီကြ!
မင်းတို့ အပြုအမူတွေကိုလည်း ဂရုစိုက်ဖို့မမေ့နဲ့ "

တပ်ဖွဲ့မှူး ဂျောင်၏ ဆော်သြသံကြောင့် မွန်းလေးတစ်ယောက်
အတွေးနယ်မြေမှ လွတ်မြောက်လာကာ အများနည်းတူ
စနစ်တကျ ကွင်းပြင်ထဲ ပြန်တန်းစီရသည်။ တပ်ဖွဲ့မှူးဂျောင်ကို
လောရှည်တပ်သားတွေကိုကျော်ကာ ခြေဖျားလေးထောက်ပြီး
လှမ်းကြည့်တော့.. လက်ထောက် ကင်မ်နဲ့
အလုပ်ရှူပ်နေလေသည်။ နှုတ်ခမ်းပါးတို့ဟာ အလိုမကျမှုကြောင့်
အနည်းငယ် ဆူထွက်လာ၏။

Ultralegends Where stories live. Discover now