Epilogue

9.2K 992 128
                                    


သုံးနှစ်ခန့် ကြာပြီးနောက်....

ဆောင်ဦးရာသီဖြစ်သည့်အတွက် ပန်း အဖူးအပွင့်လေးများ
စတင်ထွက်ပေါ်လာ၏။ နှင်းမကျသေးသော်လည်း အေးစိမ့်စိမ့် ရာသီဥတုကြောင့် စောင်ပုံထဲက မထွက်နိုင်ဘဲ နွေးထွေးသည့် ရင်ခွင်ကျယ်ထဲသို့ ပိုလို့သာ တိုးဝင်မိသည်။ တစ်ဖက်က လူသားသည်လည်း ပြန်လည်ထွေးပွေ့လာတာမို့ ကြည်နူး စိတ်ကြောင့် ပြုံးလိုက်မိသည်။ ဒီနှစ်နဲ့ဆို နေ့ရက်တွေကို
ကောင်းကောင်းမွန်မွန် ဖြတ်သန်းလာကြတာ သုံးနှစ်မြောက်။

ဧကရာဇ်ဂျောင်ဆွန်းရဲ့ အုပ်ချုပ်မှုအောက်မှာ ဂျွန်အင်ပါယာက အလွန်ကြွယ်ဝငြိမ်းချမ်း၏။ ဂျောင်ဂုက နိုင်ငံရေးထဲ လုံးဝ
ပါဝင်ပတ်သက်ခြင်းမပြုတော့ဘဲ စီးပွားရေး အချို့ကို
ငယ်သားတွေနဲ့ လွှဲထားကာ စံအိမ်တော်မှာပဲ သာသာယာယာ
အချိန်ကုန်ဆုံး၏။ တစ်နေ့လုံး ထယ်ယောင်းအနားမှာသာ
ကပ်နေရင်း ပွစိပွစိပြောနေတတ်သည်။ ထယ်ယောင်း တစ်စုံတစ်ခု လုပ်နေတာ မြင်သည်နှင့် ဒဏ်ရာအနည်းငယ် လောက် ရစေနိုင်သည့်အလုပ်ဆိုလျှင် ချက်ချင်း ချထားခိုင်းကာ သူကိုယ်တိုင်လုပ်ပေးသည်။

စိတ်အခန့်မသင့်၍ ထယ်ယောင်း အော်ဟောက်မိလိုက်လျှင်
ကတော့ မျက်နှာလေးညှိုးနေကာ တစ်နေ့လုံး အခန်းတွင်း
အောင်းနေတတ်သောကြောင့် ထယ်ယောင်းဘက်ကသာ
အရင်စိတ်လျှော့ပြီးချော့ရသည်။ ဂျောင်ဂုက ကြာလေ ကလေးဆန်လေ ဖြစ်လာပြီး ထယ်ယောင်းက ပိုပြီး ရင့်ကျက်
လာသည်။ သို့သော် ဂျောင်ဂုက ထယ်ယောင်း၏ မှီခို အားထားရာ သူရဲကောင်းကြီးဖြစ်နေဆဲပင်။

အရေးတကြီးကိစ္စတွေ ဖြေရှင်းရသည့် အခါမျိုးမှာတော့
ချက်ကျလက်ကျနှင့် အေးဆေးဖြေရှင်းနိုင်သည့်ဂျောင်ဂုကို
လေးစားအားကျရပြန်သည်။ အဓိက မြို့တော်ကြီးတွေမှာ
ဂျောင်ဂုက တန်ဖိုးကြီးကျောက်မျက်ရတနာ အရောင်းဆိုင် များကို ဆိုင်ခွဲများစွာနှင့် ဖွင့်လှစ်ထားသည်။ အားလုံးက
ထယ်ယောင်း အမည်ပိုင်နှင့်သာဖြစ်သည်။ ဂျောင်ဆွန်းက
မလုပ်စေလိုပေမယ့် ဂျောင်ဂုကလူသားဖြစ်တာမို့ တစ်နေ့
သူသေဆုံးသွားခဲ့လျှင် ထယ်ယောင်းအတွက် အဆင်ပြေပြေ နေထိုင်နိုင်စေရန်ဟုဆိုကာ စီးပွားရေး သောင်းကျန်းနေပြန်တာမို့ ထယ်ယောင်း စိတ်မကောင်းဖြစ်ရသေး၏။

Ultralegends Where stories live. Discover now