17 : Ending of Qin Prince

6.8K 1K 81
                                    


ဝမ်လော့ဟယ်ဟာ သူ့ ဂုဏ်သူ ဖော်ကျူးရာမှာ အလွန်
ဝါသနာပါတဲ့ လူမျိုးဖြစ်ပြီး.. ယုံကြည်ချက် ပြည့်ဝလွန်းသူ
ဖြစ်သည်။ အကြီးဆုံး သားကောင်ဆိုသည်မှာ ကျား ကလွဲ၍
ကျန်တာမဖြစ်နိုင်။ ဂျွန်အင်ပါယာတစ်ဝိုက်မှာ အကြမ်းတမ်းဆုံး တောရိုင်းသတ္တဝါဟူ၍ ကျားမျိုးစိတ်သာ ရှိသည်။ ချင်နန်းတော်က လော့ဟယ် အဆောင်တော်မှာ
သူသတ်ဖြတ်ခဲ့တဲ့ ကျားတွေရဲ့ အရေခွံနှင့် ဦးခေါင်းတွေကား
အလွန်များပြားလှ၏။

အိပ်မွေ့ချတဲ့ အတတ်ပညာကို တိတ်တဆိတ် သင်ယူထားခဲ့
ခြင်းကြောင့် အမဲလိုက်ရာမှာ အခက်အခဲ မရှိချေ။ ချဉ်းကပ် လာတဲ့ သားကောင်တိုင်းကို ထိုပညာဖြင့် အိပ်ပျော်စေကာ
သူက အလွယ်တကူ ခေါင်းဖြတ်သတ်လိုက်၏။ သို့နှင့်
ချင်နိုင်ငံမှာ နာမည်အကြီးဆုံး အမဲလိုက်သမား ဖြစ်လာခဲ့သည်။

မကြာခင် ဧကရီအလှလေးကို ပိုင်ဆိုင်ရမည့် အခွင့်အလမ်း မှာ သူ့လက်ထဲ ကျိန်းသေရောက်လာရတော့မည်။ ဂျောင်ဂုနဲ့ လော့ဟယ်ဟာ တောနက်ထဲကို တစ်ယောက်တစ်လမ်းစီ
ခွဲသွားခဲ့သည်။ အခြား ကိုယ်ရံတော်တွေလည်း တောအုပ်ထဲ စောင့်ကြပ်နေပြီးပြီမို့.. အသက် အန္တရာယ်တော့ စိုးရိမ်ဖွယ်
မရှိချေ။

နေမွန်းတည့်ချိန် ရောက်ခါနီးတွင် ကျားတစ်ကောင်မှ မတွေ့ရ သေးသော်ငြား လော့ဟယ်က အခြား အမဲလိုက် တောကောင်များကို ရရှိထားပြီ ဖြစ်သည်။ ခဏ အပန်းဖြေနေရင်း ခြေသံကြားတာမို့ သူတို့အားလုံး တိတ်ဆိတ်သွားရသည်။ ထို့နောက်.. ခြေသံကြားရာ အရပ်ကို ချူံထဲမှ ချောင်းကြည့်တဲ့အခါ ကျိန်းသေ ကျားတစ်ကောင်ပင်
ဖြစ်နေတော့သည်။ လော့ဟယ်သည် အလွန်ပျော်ရွှင်သွားရကာ ထိုကျားကို တိုက်ခိုက်ဖို့ မစောင့်နိုင်တော့ချေ။

လော့ဟယ်နဲ့ သူ့ကိုယ်ရံတော်တစ်အုပ်စုလုံး လက်နက်ကို
အသင့်ပြင်ထားကာ အခွင့်ကောင်းရမည့်အချိန်ကို စောင့်နေ လေ၏။

' ဝေါင်းးး '

ရုတ်တရက် ကျားဟိန်းသံကို ကြားလိုက်ရသည်။ ထိုအသံသည် ကျယ်လောင်လွန်း၍ သူတို့နားစည်များ ကွဲလုမတတ်ပင် နာကျင်သွား၏။ သူတို့ရှေ့က ကျားသည်
အေးအေးဆေးဆေး စမ်းချောင်းတွင် ရေသောက်နေသည်။
ထို့ကြောင့် ဟိန်းလိုက်သည့် ကျားက ဘယ်အကောင်နည်း??

Ultralegends Where stories live. Discover now