13 : Please don't ignore me

7.6K 1K 72
                                    


ထယ်ယောင်း သတိရလာတာ နှစ်ရက်ခန့် ရှိပြီဖြစ်သည်။
နှစ်ရက်အတွင်း ဂျောင်ဂုကို မတွေ့ရ။ ဂျောင်ဂုက သူ့ဆီမလာသလို သူကလည်း အဆောင်တော်ထဲက
ထွက်ခွင့်မရှိပေ။ ဂျောင်ဂုကို လိမ်ညာမိတဲ့ အကျိုးဆက်ကို
ခံစားနေရခြင်းဖြစ်သည်။ တစ်ရက်မှ အနားမခွာဘဲ
နေပေးခဲ့သူက.. အခုတော့ အရိပ်ပင်မမြင်ရပေ။ ထယ်ယောင်းကို အနုနည်းနဲ့ အပြစ်ပေးနေခြင်းဟုပင်..
ထင်မြင်လာရသည်။

" ထယ်ယောင်း အစားတော့ ဝင်အောင်စားရမယ်
နလံထူနိုင်တာတောင် မကြာသေးဘူး "

ယုက တိုက်တွန်းပေမယ့်..
ထယ်ယောင်း လှဲလျောင်းနေရာမှ ယုကို ကျောပေးကာ
တစ်ဖက်စောင်း အိပ်နေလိုက်သည်။

" အဲ့လို ပေတေပြီး အိပ်နေရုံနဲ့ ဟိုက လာကြည့်မယ်
ထင်နေတာလား "

" အနည်းဆုံးတော့ အလောင်းကောင် ဖြစ်သွားရင်
လာကြည့်လောက်မှာပါ "

တအိအိနဲ့ ပြိုဆင်းလာတဲ့ မျက်ရည်တွေကို မသုတ်မိပေ။

ဂျောင်ဂု ကို စိတ်ဆိုးပြေစေရန် ဘယ်လို လုပ်ရမလဲသာ
အဆက်မပြတ် စဉ်းစားနေမိသည်။

" တစ်လုတ်လောက်တော့ ဝင်အောင်စားထား "

ယုတစ်ယောက် ထယ်ယောင်းကို လက်လျှော့သွားကာ
အဆောင်ထဲမှ ထွက်လာခဲ့သည်။ သမီးရည်းစားတွေ
စိတ်ဆိုးစိတ်ကောက်ကြရင် ဘေးလူပါ အပူမိရသည်..။
လူသားတွေက ရှူပ်ထွေးလွန်းတာမို့ တောထဲ နှစ်ချီနေခဲ့ခြင်းမှ
ကိုယ့်ဒုက္ခကိုယ် ရှာကာ ထယ်ယောင်းနောက်
လိုက်လာမိခဲ့သည်။

ထယ်ယောင်းကိုလည်း အပြစ်တင်မရပေ။
သူကိုယ်တိုင်က လိုက်လာခဲ့ပေသည်ကိုး..။

အခုနေ ထပြန်သွားလျှင်လည်း ထယ်ယောင်းကိုစိတ်မချ။
လူသားတွေ အနိုင်ကျင့်ကြမှာ စိုးရိမ်မိပြန်သည်။

' ဟူး.... '

လေပူတွေကို စိတ်ညစ်ညစ်နဲ့သာ မှုတ်ထုတ်မိတော့သည်။

" ဘာလဲ.. မစားပြန်ဘူးတဲ့လား "

မွန်းလေးက သူ့အမူအရာကိုကြည့်ကာ တန်းသိနေသည်။
ထို့အပြင် မွန်းလေးပါ စိတ်ဓာတ်ကျကျနဲ့
သူ့ဘေးနား ဝင်ထိုင်လိုက်ကာ.. သူ့ပခုံးကိုမှီလာသည်။
ပုံမှန်ဆို တွန်းထုတ်မိမှာ အမှန်ပင်။ သို့သော်
လေအပိုမကုန်လိုသဖြင့် ကိုယ့်အတွေးနဲ့ကိုယ် ငြိမ်ငြိမ်လေးသာ ထိုင်နေလိုက်တော့သည်။

Ultralegends Where stories live. Discover now