29 : King Tai Yang and his capital

4.6K 774 71
                                    

ယု စာတစ်စောင်သာရေးပြီး ထယ်ယောင်းကို နေရပ် ခဏ ပြန်မည်ဖြစ်ကြောင်း အသိပေးခဲ့သည်။ ထယ်ယောင်းရဲ့
လုံခြုံရေးကို စိတ်မချရတာမို့ တောစပ်ရောက်သည်နှင့် မူလ အသွင်ပြောင်းကာ အရှိန်နဲ့ အပြေးနှင်ခဲ့သည်။ သတ်မှတ်ထား သည့် အကွာအဝေးရောက်သည့်အခါ သာမန်လူသားတွေ မမြင်နိုင်တဲ့ အတားအဆီး အကာအရံ ကိုတွေ့ရသည်..။
ထိုအရာကို ချိုးဖြတ်ပြီး ဝင်သွားလိုက်သည်နှင့် သူမတွေ့ချင် ဆုံးလူကို တွေ့ရတော့မည်။

စိတ်ကို တင်းတင်းထားရင်း အရှိန်နှင့် အကာအရံကို ချိုးဖြတ်ပြီး ပြေးဝင်သွားလိုက်သည်။ ထိုနေရာသည်
မိစ္ဆာသားရဲတို့ စုဝေးရာ အရပ်ဖြစ်သည့် သားရဲမြို့တော်ကြီး
ဖြစ်သည်။ လူသားတွေ မဝင်ရောက်နိုင်သည့် နေရာ ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရောက်လာသော လူသားအချို့ကိုလည်း တွေ့ရတတ်သည်။ သားရဲမြို့တော်ရှိ
မိစ္ဆာသားရဲများသည် လူသားအသွင်ဖြင့်သာ နေထိုင် တတ်ကြသည်။

နေထိုင်သူများက လူသား မဟုတ်သည်ကလွဲ၍ အရာအားလုံး
က လူသားကမ္ဘာနှင့် တစ်ထပ်တည်းတူညီ၏။
မိစ္ဆာသားရဲတို့သည် လူသားများကို ထိခိုက်စေရန် ရည်ရွယ်ချက် မရှိသော်လည်း လူသားများက ကြောက်ရွံ့
ရွံရှာကြသည်။ မိစ္ဆာသားရဲများ၏ ရန်သူဖြစ်သည့် စုန်းကဝေ များက နှလုံးကိုထုတ်၍ ကျင့်စဉ်တိုးတက်စေရန် စားသုံးကြ သောကြောင့် မိစ္ဆာသားရဲများမှာ တစ်နေ့ထက်တစ်နေ့
ဦးရေနည်းလာပြီး သေကြေပျက်ဆီးကုန်သည်။

တစ်ရက်တွင် ထိုက်ရန်အရှင် ဟု ခေါ်သည့် စုန်းကဝေ နှင့်
ဖီးနစ်မိစ္ဆာတို့ ပေါင်းစပ်ရာမှ မွေးဖွားလာသော သွေးနှော
တစ်ယောက် ပေါ်လာခဲ့ကာ မိစ္ဆာသားရဲများကို ကာကွယ်ရန်
သီးသန့် မြို့တော်တစ်ခု တည်ထောင် အုပ်ချုပ်ခဲ့သည်။

ထိုက်ရန်အရှင်၏ ကာကွယ်အုပ်ချုပ်မှုအောက်တွင်
မိစ္ဆာသားရဲများ အန္တရာယ်ကင်းစွာ အသက်ရာချီ ထောင်ချီ
နေထိုင်နိုင်ခဲ့ကြသည်။ ထို့ကြောင့် သားရဲမြို့တော်ကို
ထိုက်ရန် မြို့တော်ဟုလည်း ခေါ်တွင်ကြသည်။ မြို့တော်ထဲ မနေထိုင်သည့် သားရဲများလည်းရှိသည်။ ထိုက်ရန်အရှင်၏
အင်အားကြီးမှုကြောင့် စုန်းကဝေများက နာမည်ကြားရုံတင်
ကြောက်ရွံ့ကြသည်။

Ultralegends Where stories live. Discover now